#World_Technology
Published 28 October 2022

 

ရည်မှန်းချက်ကြီးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက ပျံသန်းနိုင်တဲ့မော်တော်ကားကို လာမယ့် ၃ နှစ်အတွင်း ဈေးကွက်ထဲ ပထမဆုံးတင်သွင်းနိုင်ရန် နီးစပ်နေပြီဖြစ်ပါတယ်။

 

ကယ်လီဖိုးနီးယား ဆန်မက်တီယိုရှိ Alef Aeronautics မှဖန်တီးလိုက်တဲ့ Alef Model A ယာဉ်ဟာ တွန်းကန်ပေးတဲ့ပန်ကာ ၈ လုံးပါဝင်ပြီး လျှပ်စစ်မော်တော်ယာဉ်အမျိုးအစား ဖြစ်ပါတယ်။

 

သာမန်မော်တော်ကားတွေမှာ တပ်ဆင်တဲ့အင်ဂျင်များအစား အဆိုပါပန်ကာတွေကြောင့် လမ်းပေါ်ကနေ လေထဲသို့တည့်တည့်ပင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

 

လေထဲရောက်တဲ့အခါ ၉၀ ဒီဂရီစောင်းနိုင်ကာ ကားရဲ့အပေါ်ပိုင်းက အရှေ့ဘက်သို့ဦးတည်သွားပြီး တစ်နာရီကို ၂၆၀ မိုင်ဖြင့် လေထဲမှာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

 

ကားထဲမှာ လူနှစ်ယောက်လိုက်ပါနိုင်ကာ ကားရဲ့ဝင်ရိုးထောက်တိုင်များကြောင့် လူတွေဟာ အရှေ့ကိုပဲ မျက်နှာမူနေမှာဖြစ်ပါတယ်။

 

Alef Aeronautics ရဲ့တည်ထောင်သူ 'ဂျင်မ်ဒူခေါ့ဗ်နီ'က အဆိုပါယာဉ်အတွက် ဒေါ်လာ ၃ သိန်းကျသင့်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ စတင်ထုတ်လုပ်တင်ပို့သွားမှာဖြစ်ပါတယ်။

 

ဆန်မက်တီယိုရှိ သတင်းထောက်မိတ်ဆက်ပွဲမှာ ပြသခဲ့ရာ မောင်းနှင်နိုင်တဲ့အကွာအဝေး မိုင် ၂၀၀ ရှိပြီး ပျံသန်းနိုင်တဲ့အကွာအဝေး မိုင် ၁၀၀ ရှိပါတယ်။

 

စမ်းသပ်ပျံသန်းပုံတွေကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြသခြင်းမရှိသေးပါဘူး။

 

အဆိုပါယာဉ်တွေဟာ ပုံမှန်လမ်းတွေမှာလည်း မောင်းနှင်နိုင်သလို ပျံသန်းဖို့အတွက် လေယာဉ်ပြေးလမ်းလည်း မလိုအပ်ပါဘူး။

 

ကုမ္ပဏီရဲ့ဖော်ပြချက်အရ Alef Model A ဟာ လေထဲသို့ ဒေါင်လိုက်တက်သွားပြီး ကားလမ်းပိတ်တဲ့အချိန် လေထဲကနေ ပျံသန်းသွားနိုင်မှာဖြစ်ပါတယ်။

 

လမ်းမှာသွားနေရင်း အတားအဆီးတစ်ခုခုတွေ့တဲ့အခါ ၉၀ ဒီဂရီမစောင်းဘဲ ပျံသန်းသွားနိုင်တဲ့စနစ်ပါရှိနိုင်ပါတယ်။

 

ပျံသန်းခွင့်ရဖို့အတွက် လေကြောင်းအာဏာပိုင်များဆီ ခွင့်ပြုချက်ရရှိရန်လိုပြီး ယာဉ်စည်းကမ်းအတိုင်း ကျင့်ကြံလိုက်နာရမှာဖြစ်ပါတယ်။
ကားတံခါးက သာမန်ဘေးကိုဖွင့်တဲ့တံခါးအပေါ်ဘဲ လိပ်ပြာပုံစံ အပေါ်သို့ထောင်တက်သွားပြီး ကားအထဲဒီဇိင်းကတော့ ပြိုင်ကားတွေရဲ့ပုံစံဖြစ်ပါတယ်။

 

ဇကာပေါက်လိုဖြစ်နေတဲ့ ကားကိုယ်ထည်ကြောင့် လေဝင်ထွက်နိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ပျံသန်းနေနိုင်မှာဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group