Published 28 October 2022

နာဆာသိပ္ပံပညာရှင်တွေဟာ Reconnaissance Orbiter (MRO) မစ်ရှင်အဖြစ်  ၁၆နှစ်တာ အင်္ဂါဂြိုဟ်ကို စောင့်ကြည့်နေခဲ့တာကနေ ဥက္ကာပျံထိမှန်ခဲ့ပြီးကျန်ခဲ့တဲ အကြီးမားဆုံး တွင်းသစ်ကြီးတစ်ခုရဲ့ ပုံတွေကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ၂၀၂၁ ဒီဇင်ဘာလတုန်းက ဥက္ကာပျံကြီးတစ်ခု ထိမှန်လို့ တွင်းကြီးတစ်ခုဖြစ်ခဲ့တာပါ။ ကျောက်တုံးကြီးအရွယ် ရေခဲတုံးတွေတွေကို အင်္ဂါဂြိုဟ်ရဲ့ မြေပြင်တစ်လျောက် တွေ့ရှိခဲ့ကြပါတယ်။ အကြီးဆုံးတွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တာ နှင့်ပတ်သက်ပြီး ဘာဖြစ်တာလဲ ဘယ်တုန်းက ဘာတွေလုပ်လို့လဲဆိုတာ ပြောနိုင်တာက အကြီးအကျယ်ရှာဖွေ့တွေ့ရှိမှုကြီးနှစ်ခုပါလို့ သိပ္ပံပညာရှင် လီလီယာပိုဆီယိုလိုဗာ ကပြောပါတယ်။

Source AFP/NASA