#World_Health
Published 28 October 2022

အရသာစူးရှပြင်းထန်ပြီး သဘာဝအတိုင်းဆေးဖက်ဝင်အာနိသင်များ ပါဝင်တဲ့ ဂျင်းရည်ကို ဆယ်လီနာဂိုမက်ဇ်လို အနုပညာရှင်တွေတောင် ကြိုက်နှစ်သက်ကြပါတယ်။

 

အိန္ဒိယမှာဆိုရင် မူးဝေခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်ခြင်း၊ ဓမ္မတာကြောင့်ကိုက်ခဲခြင်း၊ ခရီးပန်းမူးနောက်ခြင်းတို့အတွက် ဂျင်းပါဝင်တဲ့ဆေးဖြင့် ရာစုနှစ်များတိုင်အောင် သုံးစွဲခဲ့ကြပါတယ်။

 

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေကြောင့် ဂျင်းဖျော်ရည်ဟာ ပိုပြီးကျော်ကြားလာပါပြီ။

 

အခုလိုကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုယ်ခံအားမြှင့်တင်ဖို့အတွက်လည်း ဂျင်းတက်ကနေညှစ်ထားတဲ့ ဂျင်းရည်ကို သောက်သုံးလာကြပါတယ်။

 

ဂျင်းရည်မှာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ဝေဒနာ၊ အစာအိမ်မကောင်းခြင်း၊ ရင်ကြပ်နဲ့ အချို့သောကင်ဆာတွေမှာတောင် အသုံးပြုကြပါတယ်။

 

မနက်ခင်းမှာ ဂျင်းရည်သောက်သုံးခြင်းက တစ်နေ့တာလှုပ်ရှားမှုအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း အိန္ဒိယဆရာဝန်တစ်ဦးက ဆိုထားပါတယ်။

 

ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူဖြစ်စေပြီး မနက်စာကို ပိုစားဖြစ်စေပါတယ်။

 

ဂျင်းဖျော်ရည်လုပ်တဲ့အခါ ဂျင်း၊ သံပရာရည်တစ်ဇွန်း၊ ရေတို့ဖြင့်ဖျော်စပ်ကာ အစာမစားခင်သောက်သုံးဖို့ အကြံပြုထားပါတယ်။

 

ဂျင်းကို ဟင်းချက်တဲ့နေရာအပြင် ရေနွေးကြမ်းနဲ့ အခြားအရည်တွေမှာပါ ရောစပ်သောက်သုံးသင့်ပါတယ်။

 

၂၀၁၇ ခုနှစ်စစ်တမ်းအရ ဂျင်းပိုမိုစားသုံးတဲ့သူတွေဟာ သွေးတိုးနဲ့ နာတာရှည်ရောဂါများဖြစ်နိုင်ချေ နည်းပါးသွားကြောင်း တွေ့ရှိထားပါတယ်။

 

ဂျင်းမှာပါဝင်တဲ့ ဂျင်ဂျရောလ်ဒြပ်ပေါင်းက ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူး များစွာရရှိစေပါတယ်။

 

ဂျင်းက အအေးမိချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်းတို့အတွက်လည်း သက်သာစေပါတယ်။

 

ဗိုက်တာမင်-စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်တို့ကြောင့် ခန္ဓာကိုယ်ရဲ့ရောဂါခုခံအားကိုလည်း မြှင့်တင်ပေးပါတယ်။

 

၂၀၀၉ ခုနှစ်က ဂျာနယ်တစ်ခုမှာဖော်ပြထားရာမှာ ဂျင်းက အကိုက်အခဲပျောက်ဆေးတွေလို အာနိသင်ပါဝင်တာကြောင့် ဓမ္မတာနာကျင်ခြင်းမှာလည်း အသုံးဝင်ပါသေးတယ်။

 

ကျန်းမာရေးအရ ဂျင်းရဲ့အသုံးဝင်ပုံတွေကို သိရှိပြီးနောက် ဂျင်းဖျော်ရည်သောက်သုံးမယ်ဆိုရင် အနံ့အရသာစူးရှလွန်းတယ်ဆိုပါက သံပရာရည်လေးပါ ရောစပ်သောက်သုံးနိုင်ပါတယ်။

 

Source: SCMP
#Yangon_Media_Group