Published 28 Oct 2022

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာဖြစ်တဲ့ အီလွန်မတ်စ်ဟာ ကြာသပတေးနေ့မှာ တွစ်တာကို ဝယ်ယူမှု ပြီးမြောက်သွားပြီးနောက် ပိုင်ရှင်အသစ်ဖြစ်လာပါတယ်။

တွစ်တာပိုင်ရှင်အသစ်ဖြစ်တာနှင့် တွစ်တာရဲ့ ထိပ်ဆုံးအရာရှိကြီးတွေဖြစ်တဲ့ စီအီးအို(အမှုဆောင်အရာရှိချုပ်နှင့်)ပါရက်အာဂရာဝဲလ် Parag Agrawal၊စီအက်ဖ်အို(ဘဏ္ဍာရေးအရာရှိချုပ်)နက်ဆီဂဲလ် Ned Segal နှင့် ဥပဒေရေးရာနှင့်မူဝါဒအကြီးအကဲ ဝိဇယဂက်ဒီ Vijaya Gadde တို့ကို အလုပ်က ထုတ်ပစ်လိုက်ပါတယ်။ အဲဒီသူတွေဟာ သူနှင့်တွစ်တာရင်းနှီးမြှပ်နှံသူတွေကို ဆိုရှယ်မီဒီယာတွစ်တာပေါ်က အကောင့်အတုတွေနှင့် သူ့ကို အထင်အမြင်မှားအောင် လှည့်စားခဲ့ကြသူတွေဖြစ်တယ်လို့ သူကစွပ်စွဲခဲ့တာပါ။

သူဟာ ဗုဒ္ဓဟူးနေ့က တွစ်တာဌာနချုပ်ကို လမ်းလျှောက်ဝင်လာပြီး လက်ထဲမှာ  ကြွေလက်ဆေးကန်ကြီးသယ်ယူရင်း ပြုံးဖြဲဖြဲနှင့် ဝင်လာပါတယ်။ သိပ်မကြာပါဘူး သူက တွစ်တာမှာ "let that sink in." ဆိုပြီး ရေးခဲ့ပါတယ်။ တွစ်တာမှာ ရှိတဲ့ သူ့ရဲ့အကောင့်ပရိုဖိုင်းမှာလည်း သူ့ကိုယ်သူ "Chief Twit." တွစ်ရဲ့အကြီးအကဲ ဆိုပြီး ပြန်ပြောင်းထားပါတယ်။

အရောင်းအဝယ်ပြီးမြောက်ချိန်မှာ အက်ဂါဝဲလ်နှင့် ဆီဂဲလ်တို့ဟာ ဆန်ဖရန်စစ္စကိုက တွစ်တာ ဌာနချုပ်မှာ ရှိနေကြပြီး သူတို့ကို အစောင့်အကြပ်တွေနှင့် ရုံးအပြင်ကို ထုတ်လိုက်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။သူဟာ တွစ်တာဘုတ်အဖွဲ့မှာ ပါဝင်ဖို့လည်း သဘောတူလိုက်ပါတယ်။

ဒေါ်လာ ၄၄ဘီလျံနှင့် အရောင်းအဝယ်ဖြစ်ခဲ့တာက စွန်စားခန်းကြီးတစ်ခုသဖွယ် အလှည့်အပြောင်းအပြည့်နှင့် ဖြစ်ခဲ့ရတာပါ။

သူဟာ တွစ်တာရုံးကိုလာရောက်စဉ်မှာ သူ့အနေနှင့် တွစ်တာလုပ်သားတွေရဲ့ ၇၅ ရာခိုင်နှုန်းလျှောချဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ပြောတယ်လို့ ဝါရှင်တန်ပို့စ်ကရေးသားပါတယ်။

“ ကျွန်တော်ဘာကြောင့်တွစ်တာကို ဝယ်ရသလဲဆိုတော့ အကြမ်းဖက်မှု မလှုံ့ဆော်ဘဲ ကျယ်ပြန့်တဲ့ ယုံကြည်မှုအမျိုးမျိုးကို အားကောင်းမောင်းသန် အခြေအတင်ငြင်းခုံနိုင်မယ့် ဘုံသဘောဆောင်တဲ့ digital town square တစ်ခုရှိဖို့  အနာဂတ်လူ့အဖွဲ့အစည်းက လိုအပ်လို့ဖြစ်တယ်” လို့ သူကပြောပါတယ်။

Source: Reuters/NY-Post/CNN

#Elon_Musk

#Twitter_New_Owner

#Twitter_deal_completed