#World_Health
Published 27 October 2022

 

ကိုဗစ်ရောဂါကူးစက်ဖူးသူတွေဟာ ရောဂါမဖြစ်ဖူးတဲ့သူတွေထက် နာမကျန်းအန္တရာယ်များ သိသိသာသာပိုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

လူသန်းပေါင်းများစွာဟာ ရောဂါကူးစက်ခဲ့သလို ကာကွယ်ဆေးလည်း ထိုးနှံထားကြပါတယ်။

 

ဒါပေမဲ့ ရောဂါလက္ခဏာအပျော့စား ခံစားခဲ့ရသူတွေတောင်မှ နှလုံးရောဂါနဲ့ အသက်အန္တရာယ်ထိပါးနိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေများကြောင်း ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။

 

ကိုဗစ်ကြောင့်ဆေးရုံတက်ခဲ့ရသူတွေဆိုရင် သွေးပြန်ကြောတွင် သွေးခဲပိတ်ခြင်းမျိုး ဖြစ်နိုင်ချေ ၂၇ ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ကိုဗစ်ရောဂါအပျော့စားဖြစ်ခဲ့သူတွေကတော့ ရောဂါမဖြစ်ဖူးသူထက် သွေးခဲပိတ်ခြင်း ဖြစ်နိုင်ချေ ၃ ဆပိုများပါတယ်။

 

သွေးခဲပိတ်ခြင်းကို မကုသဘဲထားလိုက်ရင် သွေးခဲပိုကြီးလာပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

 

ကိုဗစ်ကြောင့်ဆေးရုံတက်ဖူးသူတွေဟာ နှလုံးဖောက်ခြင်းဖြစ်နိုင်ချေ ၂၁ ဆပိုများပြီး လေဖြတ်ခြင်းဖြစ်နိုင်ချေ ၁၇ ဆပိုများပါတယ်။

 

ဒါ့အပြင် နှလုံးပုံစံမမှန်ခြင်း၊ နှလုံးရောင်ရမ်းခြင်းနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်းတို့လည်း ပိုဖြစ်နိုင်ပါတယ်။

 

ကိုဗစ်ကြောင့်ဆေးရုံတက်ခဲ့ရသူတွေဟာ ရောဂါမပြင်းထန်သူတွေထက်စာရင် အသက်အန္တရာယ်ဆုံးပါးနိုင်ချေ ၁၁၈ ဆပိုများနေပါတယ်။

 

ရောဂါကူးစက်ပြီး ရက် ၃၀ အတွင်း နှလုံးရောဂါများနဲ့ အသက်အန္တရာယ် အများဆုံးဖြစ်ပေမယ့် နောက်ပိုင်းအချိန်ကာလတစ်ခုအထိလည်း ဖြစ်နိုင်ချေများနေဆဲဖြစ်ပါတယ်။

 

ကိုဗစ်ကူးစက်ပြီးနောက်ပိုင်း နောက်ဆက်တွဲလက္ခဏာတွေက လူအများကြား စိုးရိမ်စရာတစ်ရပ်ဖြစ်လာပါတယ်။

 

လက်ရှိအချိန်မှာ အိုမီခရွန်က အဓိကကူးစက်တဲ့ဗိုင်းရပ်စ်ဖြစ်နေပြီး အရင်ကထက် ရောဂါပျော့လာပါတယ်။

 

ယခုဆောင်းရာသီအတွင်း မျိုးဗီဇကွဲ ၃ မျိုးစုပေါင်းပျံ့ပွားလာနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

 

Source: The Sun
#Yangon_Media_Group