Published 26 October 2022

ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ အမည်ပြောင်ပေးခံထားရတဲ့ အီရန်တပသီတစ်ဦးဟာ ရာစုနှစ် တစ်ဝက်ကျော် ရေမချိုးပဲ ကျန်းကျန်းမာမာ နေလာပြီးနောက် အသက်၉၄နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယက သတင်းဖော်ပြပါတယ်။

အာ‌မိုးဟာဂျီလို့ အမည်ရတဲ့ အဲဒီအဖိုးအိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖားစ်ပြည်နယ်တောင်ပိုင်း ဒက်ဂါးရွာကလေးမှာ ကွယ်လွန်ခဲ့တာလို့ အာနာသတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

မီးသွေးအုတ်တွေကာရံထားတဲ့ တင်းပုတ်ကလေးထဲမှာ နေထိုင်ပြီး ကျပ်ခိုးတွေနှင့်ပေကျံနေတဲ့ ဟာဂျီဟာ ရေ ဒါမှမဟုတ် ဆပ်ပြာရေနှင့်‌ ရေမချိုးဘဲနေခဲ့တာ နှစ်ပေါင်း ၆၀ကျော်ခဲ့ပြီလို့ ဒေသခံမီဒီယာတွေကရေးပါတယ်။  သူဟာ ငယ်ရွယ်စဉ်တုန်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုကြောင့် ရေချိုးဖို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဟာဂျီဟာ လမ်းပေါ်မှာ ကားတိုက်ခံရလို့ သေသွားတဲ့ တိရိစ္ဆာသားတွေကိုစားပြီး တိရစ္ဆာန် မစင်တွေဖြည့်ထားတဲ့ ဆေးတံကို သောက်ပါတယ်။သူက သန့်ရှင်းသွားရင် သူသေသွားလိမ့်မယ်လို့ ယုံကြည်ထားသူဖြစ်ပါတယ်။ သူဟာ ဓာတ်ပုံတွေထဲမှာ စီးကရက်ပေါင်းစုံကို ချက်ခြင်းသောက်ပြတာ တွေ့နိုင်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ ရွာသားတွေက သူ့ကို ပထမဆုံးအကြိမ် ရေချိုးဖို့ ဖျောင်းဖြနိုင်ခဲ့ကြပါတယ်လို့  အာနာသတင်းက ရေးသားပါတယ်။

ဟာဂျီသေဆုံးသွားပြီးနောက်  အိန္ဒိယလူမျိုးတစ်ဦးဟာလည်း သူ့လိုဘဲ ဘဝအချိန်အများစုမှာရေမချိုးဘဲနေထိုင်ခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

ဗာရာဏသီမြို့ပြင်ဘက် ရွာကလေးတစ်ရွာက ကာလောဆင်းလို့ခေါ်တဲ့ အဲဒီအိန္ဒိယအမျိုးသားဟာ ရေမချိုးဘဲနေခဲ့တာ အနှစ် ၃၀ကျော်ရှိပါပြီ။ သူက တိုင်းပြည်မှာတွေ့ရတဲ့ ပြဿနာတွေကို ကျော်လွှားအဆုံးသတ်အောင်ကူညီဖို့လို့ ပြောပါတယ်။

သူက ရေချိုးတာကို ပယ်ချပြီး မီးချိုးတာကို သဘောကျပါတယ်။  “ ရွာသားတွေ စုဝေးကြတဲ့ညနေခင်းတိုင်းမှာ ကာလောဟာ မီးပုံရှို့တယ်၊ ဆေးခြောက်ကိုရှုတယ်။ပြီးတော့ သီဝနတ်ဘုရားကို ပူဇော်ကန်တော့တယ်လို့  ဟင်ဒူစတန်တိုင်းမ်သတင်းစာက‌ရေးပါတယ်။

“ ရေနှင့်ရေချိုးသလိုပါပဲ။ မီးနှင့်ချိုးရတာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါပိုးတွေနှင့် ကူးစက်ရောဂါတွေကို သေစေပါတယ်” လို့ ဆင်းက ဆက်ပြောပါတယ်။

Source: The Guardian

#Amou_Haji

#world’s_dirtiest_man

#Iran_ Dejgah