#World_Health
Published 26 October 2022

 

မတ်တပ်ရပ်ပြီး ဝမ်းဗိုက်ကိုရှုံ့ခြင်းက ကျန်းမာရေးအန္တရာယ်ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

 

အားကစားနဲ့အလှအပဆိုင်ရာ ပညာရှင်များက ကျစ်လျစ်ပြားချပ်တဲ့ ဝမ်းဗိုက်ရရှိအောင် တိုက်တွန်းထားကြပေမယ့် ဝမ်းဗိုက်ကျစ်လွန်းတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းကို TikTok မှာ သတိထားပေးထားပါတယ်။

 

ဗိုက်ကို အချိန်တစ်ခုကြာအောင် ရှုံ့ထားတဲ့အခါ သဲနာရီရောဂါလက္ခဏာဖြစ်တတ်ကြောင်း ဖော်ပြထားကြပါတယ်။

 

သဲနာရီရောဂါလက္ခဏာဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်းကို ညှစ်လိုက်တဲ့အတွက် ခန္ဓာကိုယ်အလယ်ပိုင်းမှာ ကြွက်သားမညီမမျှဖြစ်ပြီး တွန့်လိမ်သွားတာကိုခေါ်တာပါ။

 

သဲနာရီရောဂါလို့ခေါ်ပေမယ့် ရောဂါဘယမျိုးတော့ မဟုတ်ပါဘူး။

 

ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
ဝမ်းဗိုက်အပေါ်ပိုင်းကြွက်သားတွေ တောင့်တင်းကာ ဝမ်းဗိုက်အောက်ပိုင်းကြွက်သားတွေ အားနည်းသွားပြီး နံရိုးအောက်ဘက်မှာ တွန့်ခေါက်သွားတတ်ပါတယ်။

 

ဝမ်းဗိုက်နေရာက ရှုံ့လိုက်ပြီး တင်ပါးနေရာကားသွားတာကြောင့် သဲနာရီပုံသဏ္ဍာန်နဲ့ တူနေတာဖြစ်ပါတယ်။

 

ဗိုက်ကြွက်သားကို အချိန်အတော်ကြာအောင် ကျုံ့လိုက်တဲ့အခါ တင်ပါးဆုံနေရာမှာ ဖိအားများသွားပြီး နေ့စဉ်လှုပ်ရှားမှုပြုလုပ်စဉ်အတွင်း ဆီးယိုထွက်ခြင်းဖြစ်တတ်ပါတယ်။

 

ဒါ့အပြင် တင်ပါးတောင့်တင်းခြင်း၊ လည်ပင်းနဲ့ ကျောနာကျင်ကိုက်ခဲခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်တတ်ပါတယ်။

 

သဲနာရီလက္ခဏာနဲ့ပတ်သက်ပြီး ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရပ်နားလိုက်ပါက ပြန်လည်သက်သာလာစေပါတယ်။

 

ဝမ်းဗိုက်အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကိုလှုပ်ရှားစေပြီး သဘာဝအတိုင်း ချဲ့လာစေမှာဖြစ်ကြောင်း ဝမ်းဗိုက်ကျန်းမာရေးပညာရှင်က ပြောကြားခဲ့ပါတယ်။

 

အလှအပဆိုင်ရာအတွက် ဝမ်းဗိုက်ပြားချပ်အောင်ပြုလုပ်ခြင်းက ကျန်းမာရေးထိခိုက်လာနိုင်တဲ့အကြောင်းတော့ သိထားဖို့လိုအပ်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group