Published: 24 October 2022

ကိုရီးယာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဖိလစ်ပိုင်အလယ်ပိုင်းက လေဆိပ်တစ်ခုမှာ  တနင်္ဂနွေညက ဆိုးရွားတဲ့ရာသီဥတုအတွင်းဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ရပါတယ်။ လေယာဉ်ပါသူ ၁၇၃ ဦးစလုံးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။

အဲဘတ်စ် အက်စ်အီး A330 အမျိုးအစားလေယာဉ် ခရီစဉ် KE361ဟာ တောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့တော် အင်ချွန်လေဆိပ်ကနေ ဖိလစ်ပိုင်နိုင်ငံ ဆီးဘူးကို ပျံသန်းတာ ဖြစ်ပြီး ရာသီဥတုဆိုးရွားနေတဲ့အတွက် နှစ်ကြိမ်တိုင်ကြိုးစားဆင်းသက်ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ည ၁၁နာရီ ၇မိနစ်မှာ တတိယအကြိမ်ထပ်မံကြိုးစားဆင်းသက်တဲ့အခါမှာ ပြေးလမ်းချော်ခဲ့ရတာဖြစ်ပါတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆီဘူးပြည်နယ်က မက်တန်ကျွန်းလေဆိပ်ဟာ ပြေးလမ်းချော်တဲ့လေယာဉ်ကြီးပိတ်ဆို့နေမှုကြောင့် ပိတ်ထားရတယ်လို့ ဖိလစ်ပိုင်လေကြောင်း အာဏာပိုင်တွေကပြောပါတယ်။

ထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ လေယာဉ်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းရှေ့ပိုင်း အစိတ်အပိုင်းတွေ ကြီးကြီးမားမား စုတ်ပြဲ ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။  ဒါပေမယ့် လေကြောင်းအာဏာပိုင်ကတော့ ပျက်စီးမှုအသေးစိတ်ကိုမထုတ်ပြန်ပါဘူး။ ဒါပေမယ့် ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မှာဖြစ်တယ်လို့တော့ ပြောပါတယ်။

ကိုးရီးယားလေကြောင်းလိုင်း ဥက္ကဋ္ဌ ကီဟွန်ဝိုးက မတော်တဆမှုအတွက် တောင်းပန်စာထုတ်ပြန်ကြေညာခဲ့ပါတယ်။

Source: Agencies

#Korean_Air_overshot_runway

#Cebu_Philippines

#Aviation_accident_Philippine