Published 23 October 2022

ဆော်ဒီအာရေဗျနိုင်ငံ က အသက် ၆၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဟာ ဘဝတစ်လျောက်လုံး စိတ်တည်ငြိမ်မှုရရှိရေး ရှာဖွေရင်းနှင့် အမျိုးသမီး ၅၃ ဦးကို လက်ထပ်မိခဲ့သားဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းက တစ်မြို့လုံးပြောစရာတစ်ခု ဖြစ်နေတယ်လို့ ပင်လယ်ကွေ့သတင်း ဌာနက သတင်းရေးသားပါတယ်။

အဘူ အဘူဒူလာဆိုဟာ အသက် ၂၀အရွယ်မှာ ပထမဆုံးလက်ထပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ပထမဆုံးဇနီးက သူ့ထက် အသက်(၆)နှစ်ကြီးပါတယ်။ အဲဒီတုန်းကတော့ သူလိုတာအားလုံးက သူမတစ်ယောက်တည်းဖြစ်ခဲ့တာပါတဲ့။

သူတို့ဇနီးမောင်နှံမှာ သားသမီးထွန်းကားခဲ့ပြီး အစပိုင်းမှာ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေစတင်ခဲ့ ပြီးနောက် သူနောက်ထပ်တစ်ဦးကို လက်ထပ်ချင်လာခဲ့ပါတယ်။

အဲဒါကြောင့် သူ အသက် ၂၃နှစ်အရယ်မှာ သူနောက်မိန်းမတစ်ယောက်ထပ်ယူမယ့် အစီအစဉ်ကို သူ့မိန်းမကို ပြောလိုက်ပါတော့တယ်။ သူတို့သုံးဦးဟာ အတူတကွပေါင်းသင်းနေထိုင်ကြရင်းနှင့် မယားနှစ်ယောက်အကြား ပြဿနာတွေတက်လာလို့ သူဟာ တတိယမယားယူခဲ့ပါတယ်။ အဲဒီနောက် လေးယောက်မြောက်မယား..။

ဒါပေမယ့် အခြေအနေတွေက ပိုသာဆိုးလာပါတယ်။ အဲဒါကြောင့် သူဟာ ပထမနှင့် ဒုတိယမယားနှစ်ဦးကို ကွာရှင်း လိုက်ပါတယ်။ နောက်တော့ တတိယနှင့် စတုတ္ထမယားတွေကလည်း ရန်တွေဖြစ်နေကြလို့ သူတို့ကိုလည်း အဲသလိုပဲ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တည်တည်ငြိမ်ငြိမ်ဖြစ်ရေးကို ဆက်လက်ရှာဖွေနေပါတော့တယ်။

အသက် ၆၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက အာရပ်သတင်းစာ Sabq နှင့်တွေ့ဆုံပြီး သူဟာ အခုထက်ထိ မိန်းမ ၅၃ ယောက် လက်ထပ်ပြီးပြီလို့ပြောပါတယ်။ အတိုဆုံးအိမ်ထောင်ရေးကတော့ တစ်ညသာပဲဖြစ်တယ်လို့လည်းပြောပါတယ်။  ဒါပေမယ့် ဒါဟာ သူနောက်ပြောင်ပြောနေတာမဟုတ်။တကယ်အတည်ပြောခဲ့တာဖြစ်ပြီး အားလုံးကိုလည်း သူက ရိုးရာ ဓလေ့နှင့်အညီ လက်ထပ်ယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

သူက သူ့ဘဝမှာ သူ့ကိုပျော်ရွှင်အောင်ထားနိုင်မယ့် အမျိုးသမီးတစ်ဦးကို ကြိုစားရှာဖွေနေပုံရပါတယ်။ ဒါပေမယ့် သူ့ အိမ်ထောင်ရေးဟာ ကျရှုံးပြီးရင်း ကျရှုံးဖြစ်ခဲ့တာပါ။

ဒါပေမယ့် နောက်ဆုံးမှ သူစိတ်ကြိုက်တစ်ဦးတွေ့ပြီလားဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။  အဘူ အဘူဒူလာက သူ အခုဆို နောက်ထပ် မိန်းမတစ်ယောက်ထပ်ယူပြီးပြီ။ နောက်ထပ်ထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့တော့ ပြောရှာပါတယ်။

သူ့မိန်းမတွေအားလုံးနီးပါးက ဆော်ဒီအမျိုးသမီးတွေဖြစ်ကြပြီး   နိုင်ငံခြားခရီးသွားရင်းနှင့်နိုင်ငံခြားသူတစ်ဦးပဲ သူလက်ထပ်ဖူးပါတယ်။အဲဒီအိမ်ထောင်ရေးဟာလည်း လပိုင်းပဲကြာခဲ့ပါတယ်။

အဘူအဘူဒူလာရဲ့ ဇာတ်လမ်းဟာ တောင်အာရေဗျမှာ အတော်ပေါက်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  သူရဲ့ ဘဝစွန့်စားခန်းကို ချီးမွမ်းထောပနာပြုကြသူတွေနှင့် သူလုပ်တာမှားပြီးသူဟာ ရာစုနှစ်ရဲ့ မယားပြိုင်သမားကြီး” ဆိုပြီး မှတ်ယူထားကြသူတွေ အကြားမှာလည်း ပြင်းထန်တဲ့ ငြင်းခုန်မှုတွေ ဖြစ်နေကြရပါတယ်လို့ သတင်းကရေးသားပါတယ်။

Source: Gulf-News

#Abu Abdullah

#the_polygamist_of_the century

#Saudi_man_and_53_wives