Published 23 Oct 2022

အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်မှာရှိတဲ့ အပ်ပလာလို့ခေါ်တဲ့ ရွာကလေးတစ်ရွာမှာ  ဒေသ မျောက်အကောင်ရေ ဟာ အင်မတန်မြင့်မားနေတဲ့အတွက် မျောက်တွေရဲ့ နာမည်နှင့်တောင် မြေကိုမှတ်ပုံတင်ပေးထားရတဲ့ အနေအထားဖြစ်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ လယ်ယာဆိုတာ သိပ်တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် မြေယာကိစ္စ လူသားအချင်းချင်း အငြင်းပွားကြတယ်ဆိုတာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဉ်လိုတည်ရှိနေပါတယ်။

အပ်ပလာရွာကလေးမှာတော့ လူဦးရေ ၁၆၀၀ရှိပြီး မျောက်ဖင်နီအကောင်ရေက ၁၀၀ ရှိနေတာက အတော့်ကို ဆန်းကြယ်သလိုဖြစ်နေပါတယ်။ အိန္ဒိယလူမျိုးတွေဟာ မျောက်တွေကို အလေးထားကြပါတယ်။ သူတို့ကို အစာကျွေးကြတယ်။ ဓလေ့ထုံးတမ်းပွဲအမျိုးမျိုးမှာ မျောက်တွေပါကြပါတယ်။ ဒါပေမယ့် အပ်ပလာရွာသားတွေကတော့ အဲဒါတွေထက်ပိုပါတယ်။ သူတို့ဟာ မြေ ၃၂ ဧကကို  မျောက်တွေရဲ့နာမည်နှင့် မှတ်ပုံတင်ပေးထားကြတာဖြစ်ပါတယ်လို့ ရွာသူကြီးကပြောပါတယ်။

“ စာရွက်စာတမ်းတွေမှာ ဒီမြေတွေကို မျောက်တွေပိုင်ဆိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာပါ။ ဒါကို ဘယ်သူကစခဲ့သလဲတော့မသိပါဘူး။ ဒါပေမယ့် အခုထက်ထိပဲ” လို့ ရွာသူကြီး ဘာပါ ပက်ဝါကပြောပါတယ်။

“ ဒီရွာဟာ မျောက်အကောင်၁၀၀လောက်ရဲ့ ဇာတိမြေပါ။ ဒါပေမယ့် နှစ်ကြာလာတာနှင့်အမျှ မျောက်ကောင်ရေက လျော့လျော့လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရိစ္ဆာန်တွေက တစ်နေရာတည်းမှာ ကြာကြာမနေကြလို့ဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

“မျောက်တွေရဲ့မြေဖြစ်တဲ့အတွက် ဘယ်သူကမှ ပိုင်ရှင်တွေနှင့်ပတ်သက်လို့ အကြံမပေးနိုင်ကြဘူး။ အဲဒါကြောင့် သစ်တောဌာနက ဒီနေရာမှာ သစ်ပင်တွေ လာစိုက်ပေးထားတယ်။ မျောက်တွေကလည်း ဒါကို သဘောတူကြမှာ အသေ အချာပါ” လို့ သူကပြောပါတယ်။

တိုင်းအော့ဖ် အိန္ဒိယရဲ့အဆိုအရ  ရွာသားတွေဟာ သူတို့ရဲ့အိမ်ဝရောက်လာတာနှင့် မျောက်တွေကို အစာကျွေးကြတယ်။  မင်္ဂလာဆောင်မှာ မျောက်တွေကို အရင်ဆုံးလက်ဆောင်ပေးပြီးမှ အခမ်းအနားကို ဆက်ကျင်းပရတဲ့ ဓလေ့ထုံးတမ်းကို အချို့ရွာသားတွေက ဆက်ပြီးလိုက်နာ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်လို့ သိရပါတယ်။

အပ်ပလာမှာ မျောက်တွေဟာ ကိုးကွယ်ခံရလုနီးပါး ဒါမှမဟုတ် အနည်းဆုံးတော့ အလေးစားခံရတာရှိနေပါတယ်။ ဒါပေ မယ့် လွန်ခဲ့တဲ့နှစ်အနည်ငယ်ကတော့ ဒေသခံတွေက တစ်မျိုးပြောကြပါတယ်။ အဲဒီအချိန်တုန်းက မျောက်အကောင်ရေ ၃၀၀ ခန့်ဟာ ဒေသခံတွေဆီက အစားအစာတွေခိုးယူတာ၊ အိမ်တွေကို အတင်းဝင်လာတာနှင့် တိုက်ခိုက်တာတွေအထိ အကြမ်းဖက်မှုတွေရှိခဲ့တယ်ဆိုပြီး ဒေသမီဒီယာတွေက ရေးသားခဲ့ကြတာဖြစ်ပါတယ်။

“ မျောက်ဂိုဏ်းတစ်ဂိုဏ်းက လယ်သမားတော်တော်များများရဲ့ လယ်တွေကို လာဖျက်ဆီးခဲ့ကြတယ်။ အဲဒီမျောက်တွေဟာ အုပ်စုဖွဲ့ပြီး ဟိုသည်သွားလာနေကြတယ်။ အဲဒါကြောင့် လူတွေဟာ ရွာထဲမှာ လမ်းလျှောက်ရတာတောင် ကြောက်ကြ တယ်” လို့ ဒေသခံတစ်ဦးက သတင်းစာကိုပြောပါတယ်။ “ သူတို့ကိုမောင်းထုတ်ရင် သူတို့က ကျွန်တော်တို့ကို ပြန်တိုက် ခိုက်ကြတာ” လို့သူကပြောပါတယ်။

ဒါပေမယ့် အပ်ပလာမှာ အဲဒီနောက်ပိုင်းမှာ အပြောင်းလဲကြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Source: Time of India

#Upla_village

#Maharashtra_state_India

#Moneys_own_lands