Published 22-10-22

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း အောဂူအက်စကယ်လျန့်တေးစ်မြို့တွင် ဆီသယ်ထရပ်ကားတစ်စီးနှင့် ရထားတစ်စီးတို့ တိုက် မိခဲ့ပါတယ်။ပုံမှာ အဲဒီရထားက မီးလောင်နေတဲ့ ရထားလမ်းပေါ်ကနေ ဖြတ်သန်းခုတ်မောင်းသွားတာကို မြင်ကြရပါတယ်။ အဲဒီမတော်တဆမှုကြောင့် မိသားစုပေါင်း ၃၀၀ကျော်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ကြရပါတယ်။ အောဂူ အက်စကယ်လျန့်တေးစ်မြို့မှာ အိမ်ခြေ၁၅လုံးခန့်ဟာ မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ပါတယ်။ ကံကောင်း ထောက်မစွာ ဒီမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူတွေမရှိခဲ့ဘူးလို့ မြို့တော်ဝန်ကပြောပါတယ်။

Source AFP/ Diego Emilio Solis García

#Aguascalientes

#Mexico

#Train_collided_tanker_truck