#World_Health
Published 22 October 2022

 

ယူကေနိုင်ငံမှာ ကလေးတွေက အသက် ၁၈ နှစ်ပြည့်ပြီးကြောင်း အမှန်ခြစ်ခြစ်ကာ အပြာကားများကြည့်ရှုနေကြကြောင်း စောင့်ကြည့်ရေးအဖွဲ့ Ofcam က ဖော်ပြခဲ့ပါတယ်။

 

အပြာကားဝက်ဘ်ဆိုက်တစ်ခုဆိုရင် အသက်ပြည့်ကြောင်း စစ်ဆေးမှုများပြုလုပ်ပေမယ့် သိပ်ပြီးအသုံးမဝင်ဘူးလို့ စောင့်ကြည့်ရေးအဖွဲ့ကို ပြောပြခဲ့ပါတယ်။

 

Ofcam အကြီးအကဲက ဝက်ဘ်ဆိုက်တွေဟာ ကလေးတွေရဲ့ ဘေးကင်းစိတ်ချရမှုထက် သူတို့ရဲ့အကျိုးအမြတ်ကိုသာ ကြည့်ရှုကြောင်း စွပ်စွဲခဲ့ပြီး အခုအချိန်မှာ ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် အင်တာနက်ဥပဒေအသစ်များ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။

 

အွန်လိုင်းဘေးကင်းလုံခြုံရေးဥပဒေကြမ်းအရ အင်တာနက်အသုံးပြုသူတွေဟာ အပြာကားကြည့်ရှုခွင့်ရဖို့ အသက် ၁၈ နှစ်ပြည့်ပြီးကြောင်း အထောက်အထားရှိရမှာပါ။

 

ယူကေနိုင်ငံမှ အပြာကားဝက်ဘ်ဆိုက်တွေထဲမှာတော့ ဒီလိုစစ်ဆေးမှုမျိုးပြုလုပ်တဲ့ဝက်ဘ်ဆိုက်ကြီးတွေထဲမှာ OnlyFans တစ်ခုသာရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ကျန်တဲ့ဝက်ဘ်ဆိုက်တွေကတော့ ၁၈ နှစ်ပြည့်ပြီးကြောင်း အမှန်ခြစ်ခြစ်လိုက်ရုံသာ ဖန်တီးပေးထားပါတယ်။

 

အချို့ဆိုက်တွေက ကြည့်ရှုခွင့်ပေးရာမှာ ငွေသားကတ်အချက်အလက် ဖြည့်သွင်းဖို့တောင်းဆိုပေမယ့် အသက် ၁၈ နှစ်မပြည့်ဘဲနဲ့လည်း ကတ်အသုံးပြုနေကြတာတွေ ရှိနေပါတယ်။

 

ဥပဒေမူကြမ်းမှာ Ofcam အနေနဲ့ နှစ်စဉ် ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်မှုများကို ထိန်းချုပ်ခွင့်ပေးသွားမှာဖြစ်ပြီး ဝက်ဘ်ဆိုက်တွေကို ယူကေမှာ ကြည့်ရှုခွင့်ပိတ်ပင်သည်အထိ ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

 

Ofcam ရဲ့ နောက်ဆုံးတင်ပြချက်ထဲမှာ OnlyFans အပြင် AdmireMe, Fanzworld, PocketStars, Xpanded နဲ့ RevealMe စတဲ့ ဝက်ဘ်ဆိုက်များလည်း ပါဝင်ပါတယ်။

 

OnlyFans ကတော့ ယူကေမှ ကြည့်ရှုသူအသစ်များအတွက် အသက်စစ်ဆေးတဲ့စနစ်များ ထည့်သွင်းထားပါတယ်။

 

အသုံးပြုသူက ဒီစနစ်မှာကျရှုံးခဲ့ရင် အသက်စစ်ဆေးဖို့အတွက် သူတို့ရဲ့ နိုင်ငံသားကတ်၊ ပတ်စ်ပို့တို့ဖြင့် စစ်ဆေးခံရမှာဖြစ်ပြီး မပြသနိုင်ပါက ဝင်ရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။

 

ဥပဒေအသစ်ထုတ်ပြန်ခြင်းဖြင့် ကုမ္ပဏီတွေကနေ ဘေးကင်းလုံခြုံရေးစနစ်များ ချမှတ်သွားကြမှာဖြစ်ပါတယ်။

 

အချို့မိဘတွေက သူတို့ရဲ့ကလေးတွေ အသက်မပြည့်သေးဘဲ အပြာကားကြည့်ပြီး မသင့်လျော်တဲ့အတွေးတွေဝင်လာမှာကို စိုးရိမ်နေကြပါတယ်။

 

Source: Daily Mail
#Yangon_Media_Group