#World_Health
Published 20 October 2022

 

ဆံပင်ဖြောင့်ဆေး မကြာခဏအသုံးပြုသူတွေဟာ သားအိမ်ကင်ဆာဖြစ်နိုင်ချေများပြားကြောင်း လေ့လာတွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

 

"ဆံပင်ဖြောင့်ဆေး လုံးဝအသုံးမပြုသူတွေထဲက ၁.၆၄ ရာခိုင်နှုန်းသောအမျိုးသမီးတွေသာ အသက် ၇၀ အရွယ်မှာ သားအိမ်ကင်ဆာဖြစ်နိုင်ချေရှိပေမယ့် ဆံပင်ဖြောင့်ဆေးအသုံးပြုသူတွေမှာတော့ ၄.၀၅ ရာခိုင်နှုန်းအထိရှိနေကြောင်း အမေရိကန်သဘာဝပတ်ဝန်းကျင်ကျန်းမာရေးတက္ကသိုလ်မှ 'အဲလက်ဇန်ဒရာဝှိုက်'က ပြောကြားခဲ့ပါတယ်။

 

အမေရိကန် CDC ရဲ့ဖော်ပြချက်အရ သားအိမ်ကင်ဆာက ဖြစ်ပွားနှုန်းမြင့်မားလာကာ အထူးသဖြင့် လူမည်းအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

 

မတူညီတဲ့ဒေသလူမျိုးတွေထဲက အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်းရှိ အမျိုးသမီးများကို လေ့လာခဲ့ရာ ၃၇၈ ဦးက သားအိမ်ကင်ဆာဖြစ်ပွားခဲ့ပါတယ်။

 

ဆံပင်ဖြောင့်ဆေးသုံးစွဲသူတွေမှာ သားအိမ်ကင်ဆာဖြစ်လာနိုင်ချေက ယခုနှစ်များအတွင်း ပိုမိုမြင့်မားလာပါတယ်။

 

အနည်းငယ်မျှသာ သုံးစွဲသူတွေမှာလည်း သားအိမ်ကင်ဆာဖြစ်နိုင်ချေရှိပေမယ့် သိပ်တော့မမြင့်မားခဲ့ပါဘူး။

 

အစောပိုင်းလေ့လာချက်များအရ ဆံပင်ဖြောင့်ဆေးတွေမှာ ဟော်မုန်းများကိုထိခိုက်စေတဲ့ ဓာတုပစ္စည်းများပါဝင်ကာ ရင်သားနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ မြင့်မားကြောင်း ဖော်ပြထားပါတယ်။

 

ဒီလေ့လာချက်တွေဟာ ဆံပင်ဖြောင့်ဆေးနဲ့ သားအိမ်ကင်ဆာတို့ကြား ဆက်စပ်ပုံကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ဒီလိုဖြစ်စေတဲ့ဓာတုပစ္စည်းကို နောက်ထပ်ရှာဖွေမှုများ ပြုလုပ်ရဦးမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

လူမည်းအမျိုးသမီးတွေက ဆံပင်ဖြောင့်ဆေးနဲ့ အခြားပစ္စည်းများကို ပိုပြီးအသုံးပြုကြတာကြောင့် အခြားလူမျိုးများထက် စောစီးစွာကင်ဆာဖြစ်ပွားရတာ ဖြစ်နိုင်ကြောင်း ယူဆရပါတယ်။

 

Source: Reuters
#Yangon_Media_Group