Published 19 Oct 2022

ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ်က သူမအနေဖြင့် ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်လိမ့်မည်မဟုတ်လို့ ဗုဒ္ဓဟူးနေ့က ပါလီမန်မှာပြောခဲ့ပါတယ်။

သူမအနေဖြင့် အရှက်ရဖွယ် အခွန်ဖြတ်တောက်မှုကို ပြောင်းပြန်လှန်ပြီးကတည်းက ပထမဆုံးမေးခွန်းတွေနှင့် ရင်ဆိုင်ရာမှာ သူမကပြောခဲ့တာပါ။

ပါလီမန်ရဲ့ စကားစစ်ထိုးပွဲတစ်ခုအတွင်း အတိုက်အခံလေဘာခေါင်းဆောင် ကီယာစတာမာက အမတ်တွေကို “သူမဘာကြောင့် ဒီရာထူးမှာရှိနေရမှာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

“ကျွန်တော့်မှာ စာရင်းရှိတယ်.. ၄၅ပီ အခွန်ဖြတ်..သွားပြီ ကော်ပိုရေးရှင်အခွန်ဖြတ်  သွားပြီ .. (၂)နှစ်တာ စွမ်းအင် ပိတ်တားခြင်း,,သွားပြီ ..အခွန်မဲ့ ဈေးဝယ်ခြင်း..သွားပြီ..စီးပွားရေး ယုံကြည်ရမှု..သွားပြီ..။ သူမထောက်ခံတဲ့ အချစ်ဆုံးသူငယ်ချင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း..သူလည်းသွားပြီ...အားလုံးသွားကြပြီ.. ဘာကြောင့် သူမ ဒီမှာ ရှိနေရမှာလဲ” လို့ အတိုက်အခံခေါင်းဆောင်ကမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအခါ ထရပ်စ်က “ကျွန်မဟာ ဖိုက်တာ (Fighter )သာဖြစ်ပြီး အရှုံးပေးသူ(Quitter)မဟုတ်ဘူး”လို့ ပြန်လည်ချေပခဲ့ပါတယ်။

Source AFP

#Liz_Truss

#Keir_Starmer

#UK_Politics