Published 13 Oct 2022

ကမ္ဘာပေါ်မှာ အကြီးဆုံးရေတံခွန်တွေထဲက တစ်ခုဖြစ်တဲ့ အီကွေဇူးရေတံခွန်ကြီးဟာ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံ နှစ်နိုင်ငံအကြားမှာတည်ရှိပါတယ်။

အဲဒီရေတံခွန်တွေမှာ စီးဆင်းလာတဲ့ ရေထုထည်ဟာ ယခုနှစ်မှာ  ပုံမှန်ထက် ဆယ်ဆခန့် စံချိန်တင်များပြားလာနေပါတယ်။

ဗုဒ္ဓဟူးနေ့ကတိုင်းတာချက်အရ ရေတံခွန်တွေက ရေတွေဟာ တစ်စက္ကန့်ကို လီတာသန်းပေါင်း ၁၄.၅ အထိ စီးဆင်းနေပါတယ်။ ပုံမှန်က တစ်စက္ကန့်ကို ၁.၅လီတာသန်းဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေတံခွန်မှာစီးဆင်းတဲ့ရေတွေဟာ ထူးခြားစွာမြင့်တက်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် ဘရာဇီးနိုင်ငံဘက်အခြမ်းက ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာကြတဲ့ တံတားတွေကို ပိတ်ထားလိုက်ရပါတယ်။ အဲဒီတံတားတွေမှာ အသွားအလာတွေပိတ်ထားပေမယ့် ရေတံခွန်ကိုလာရောက်လည်ပတ်တာကိုတော့ ဖွင့်ပေးထားဆဲဖြစ်ပါတယ်။

Source AFP

#Iguazu_Falls

#High_water_flow_Iguazu_Falls

#Brazil