#World_Health
Published 14 October 2022

 

အလုပ်လုပ်ရတဲ့နေ့တွေမှာ မအားလို့ ပိတ်ရက်တွေကျမှ မိသားစုနဲ့ ထမင်းလက်စုံစားဖြစ်ကြတယ်ဆိုရင်တော့ ကျန်တဲ့အချိန်တွေမှာလည်း အတူတူစားသောက်ကြဖို့ စဉ်းစားသင့်ပါတယ်။

 

မိသားစုနဲ့အတူ နေ့လယ်စာ ညစာ အတူတကွစားသောက်ခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်း(AHA)က ဖော်ပြလိုက်ပါတယ်။

 

ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ အိမ်နီးချင်းများနဲ့ အတူစားသောက်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေခြင်း၊ အထူးသဖြင့်ကလေးတွေမှာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းတို့ ဖြစ်စေကြောင်း ဂျွန်ဟော့ပ်ကင်းစ်ဆေးရုံမှ နှလုံးကာကွယ်ရေးညွှန်ကြားရေးမှူး ဒေါက်တာ'အဲရင်မိုက်ခိုစ်'က ပြောကြားခဲ့ပါတယ်။

 

"ကြာရှည်စွာစိတ်ဖိစီးခြင်းက နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်များစေတာကြောင့် စိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းများ ရှာဖွေဖို့အရေးကြီးပါတယ်လို့ ဆိုပါတယ်။

 

အမေရိကန်လူမျိုးအယောက်တစ်ထောင်ကို AHA မှ လေ့လာမှုပြုခဲ့ရာ အိမ်ထောင်ဦးစီးတွေက မိသားစုနဲ့အတူစားသောက်ခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျခဲ့ကာ ၈၄ ရာခိုင်နှုန်းက သူတို့ချစ်ခင်နှစ်သက်သူတွေနဲ့ အတူစားသောက်ချင်ကြကြောင်း သိရှိရပါတယ်။

 

၉၁ ရာခိုင်နှုန်းက မိသားစုနဲ့စားသောက်ခြင်းဟာ စိတ်ဖိစီးမှုလျော့ကျစေတယ်လို့ သတိထားမိခဲ့ကြပါတယ်။

 

၆၇ ရာခိုင်နှုန်းသောသူတွေက အတူတကွစားသောက်ခြင်းဟာ လူမှုပေါင်းသင်းရေးမှာ ဘယ်လောက်အထိအရေးပါလဲဆိုတာကို တွေ့ရှိခဲ့ကြပြီး ၅၄ ရာခိုင်နှုန်းကတော့ စိတ်ကိုလျှော့ချဖို့ဂရုပြုမိကြောင်း ဖွင့်ဟခဲ့ကြပါတယ်။

 

၆၀ ရာခိုင်နှုန်းနီးပါးခန့်က အခြားသူတွေနဲ့စားသောက်တဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာများ ပိုမိုရွေးချယ်မိကြပြီး အချိန်ညှိနှိုင်းဖို့တော့ အခက်အခဲလေးတွေ ရှိကြပါတယ်။

 

"အတူတကွစားသောက်ဖို့က ညှိနှိုင်းဖို့ ပြောသလောက်မလွယ်လှပါဘူး၊ တစ်ပတ်အတွင်း အတူတကွစားသောက်ဖို့ နောက်တစ်ကြိမ်ကြိုးပမ်းသင့်ပါတယ်" လို့ 'မိုက်ခိုစ်'က ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group