#World_Health
Published 14 October 2022

 

နေ့ပိုင်းမှာ အစားအစာကို စောစောစားခြင်းက သင့်အတွက် ကောင်းမွန်ဖွယ်ရှိပြီး တစ်နေ့ကို စားသောက်ချိန် ၁၀ နာရီအတွင်း စားသုံးခြင်းကလည်း ပိုမိုကျန်းမာစေနိုင်ကြောင်း သုတေသီများ အထောက်အထားတွေ့ရှိခဲ့ကြပါတယ်။

 

နေ့လယ်စာကို ၄ နာရီနောက်ကျမှ စားတတ်သူတွေက ပိုမိုဗိုက်ဆာကြပြီး ကယ်လိုရီနှေးကွေးစွာလောင်ကျွမ်းကာ အဆီစုပုံစေကြောင်း အမေရိကန်မာဆာချူဆက်ရှိ ဘရစ်ဂန်အမျိုးသမီးဆေးရုံမှ သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။

 

အဝလွန်သူ ၁၆ ယောက်ကို တူညီတဲ့အစားအစာများကိုပဲ အချိန်မတူဘဲ စားသောက်စေခဲ့ပါတယ်။

 

တစ်ဖွဲ့ကို မနက် ၉ နာရီ၊ နေ့လယ် ၁ နာရီ၊ ညနေ ၅ နာရီတို့မှာ စားသုံးစေခဲ့ပြီး နောက်တစ်ဖွဲ့ကိုတော့ နေ့လယ် ၁ နာရီ၊ ညနေ ၅ နာရီ၊ ည ၉ နာရီမှ စားသုံးစေခဲ့ပါတယ်။

 

သုတေသီများက သူတို့ထံမှ သွေးနမူနာများ၊ ကိုယ်အပူချိန်၊ စွမ်းအင်အသုံးချမှုနဲ့ ခန္ဓာကိုယ်အဆီတစ်ရှူးနမူနာများ ရယူခဲ့ပါတယ်။

 

အချိန်နောက်ကျမှ စားသောက်ခြင်းက ဘာလို့အဝလွန်စေလဲဆိုတာကို သိရအောင်စမ်းသပ်ချင်ခဲ့ကြကြောင်း စာတမ်းပြုစုသူ'ဖရန့်ရှီယာ'က ဆိုပါတယ်။

 

အစောစားဖြစ်တယ်ဆိုရင် မနက်စာကို အများဆုံးစားသုံးဖို့က အရေးမကြီးတာလည်း ဖြစ်နိုင်ပါတယ်။

 

မနက်စာများများစားပြီး ညစာအနည်းငယ်သာ စားသုံးခြင်းက ကယ်လိုရီလောင်ကျွမ်းပြီး ကိုယ်အလေးချိန်လျော့ကျနိုင်ပေမယ့် တကယ်တမ်းစမ်းသပ်ရာမှာတော့ ကွာခြားချက်သိပ်မရှိခဲ့ပါဘူး။

 

တကယ်တမ်းကိုယ်အလေးချိန်လျော့ဖို့က စားသောက်ချင်စိတ်ကို ထိန်းချုပ်ဖို့အရေးကြီးပါတယ်။

 

မနက်ပိုင်းမှာ ကယ်လိုရီအများဆုံးစားလိုက်ရင် စားချင်စိတ်ကိုလျှော့ချပေးနိုင်တယ်လို့ အဘာဒင်းတက္ကသိုလ်မှ အဟာရဆိုင်ရာပရော်ဖက်ဆာ'အဲလက်ဇန်ဒရာဂျွန်စတုန်း'က ဆိုပါတယ်။

 

သုတေသီများက တစ်နေ့ကို စားသောက်ချိန် ၁၀ နာရီအတွင်းသာ စားသောက်ရလေ့ရှိတဲ့ မီးသတ်သမားများမှာ မကောင်းတဲ့ကိုလက်စ်ထရောတွေ လျော့ကျကာ စိတ်ကျန်းမာရေးတိုးတက်စေပြီး တစ်ပတ်ကို အရက် ၃ ခွက်အထိသာ လျှော့ချသောက်သုံးရပါတယ်။

 

အလုပ်ချိန်ကို ဆိုင်းနဲ့လုပ်ကိုင်ရတဲ့သူတွေမှာ ရိုးရှင်းပြီးကျန်းမာရေးညီညွတ်တဲ့ အစားအစာစားခြင်းဖြင့် သွေးဖိအားတိုးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောမြင့်ခြင်းတို့အတွက် အကျိုးရှိစေပါတယ်။

 

ည ၈ နာရီမတိုင်ခင် နောက်ဆုံးစားသောက်ခြင်းဖြင့် အရက်သေစာနဲ့ မုန့်ပဲသရေစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

 

Source
#Yangon_Media_Group