Published 14 Oct 2022

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ကွာဇီကွာတင်းဟာ တာဝန်ထမ်းဆောင်မှု ရက်သတ္တပတ်ခြောက်ပတ်ပင် မပြည့်သေးတဲ့ အချိန်မှာ ရာထူးမှထုတ်ပယ်ခြင်းခံရတယ်လို့ ဘီဘီစီက ယနေ့ အောက်တိုဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကွာတင်းဟာ ဘဏ္ဍာရေးဝန်ကြီး မဟုတ်တော့ဘူးလို့ ဘီဘီစီကပြောပါတယ်။

ကွာတင်းဟာ လန်ဒန်ကို ခပ်စောစောပြန်လာလို့ရအောင် သူ့ရဲ့ ဝါရှင်တန်ခရီးကို ဖြတ်တောက်ခဲ့ပါတယ်။ ဝါရှင်တန်မှာ သူဟာ ဘဏ္ဍာရေးဈေးကွက်ကို ကသောင်းကန်းဖြစ်စေခဲ့တဲ့ စီးပွားရေးအစီအစဉ်အချို့ကို ပယ်ဖျက်ပစ်ဖို့ ရှိပါတယ်။

ဝန်ကြီးချုပ် လစ်ဇ်ထရပ်ဟာ သောကြာနေ့နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပေးဖို့ရှိပါတယ်။

ကွာတင်းကို ရာထူးမှထုတ်ပယ်လိုက်တာဟာ ဗြိတိန်နိုင်ငံအတွက် ၁၉၇၀ခုနှစ်ကတည်းကဆိုရင် သက်တမ်းအတိုဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်စေခဲ့ပါတယ်။ သူ့ကို ဆက်ခံမည့်သူဟာ ဗြိတိန်ရဲ့ လပေါင်းများစွာ လူနေမှု စရိတ် အကျပ်  အတည်းနှင့် ရင်ဆိုင်နေရချိန်မှာ စတုတ္ထမြောက် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမှာပါ။

အောက်တိုဘာ ၃ ရက်က ထရပ်ဟာ ကွာတင်းကြေညာခဲ့တဲ့ မီနီဘတ်ဂျက်ရဲ့ အစိတ်အပိုင်းတွေကို မြင့်မားတဲ့ဝင်ငွေခွန်ကို လျှော့ချဖြတ်တောက်ပေးခဲ့ရခြင်းဖြင့် အတင်းအကျပ် ပြောင်းပြန် ပြန်လှန်ပေးခဲ့ရတယ်။

အဲဒီမီနီဘတ်ဂျက်ကြောင့် ပေါင်စတာလင်ဟာ ဒေါ်လာနှင့်ယှဉ်ရင် စံချိန်တင် နိမ့်ကျသွားခဲ့ရပါတယ်။

Source Channel News Asia

#Liz_Truss 

#UK

#Kwasi_Kwarteng