Published 11 Oct 2022

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သုံးနှစ်ကြာမကျင်းပဖြစ်ခဲ့တဲ့ ပစိဖိတ်ဆာရီငါးပွဲတော်ကို တနင်္လာနေ့က ပြန်လည်ပြုလုပ်ခဲ့ပြီး အများပြည်သူကို ဆာရီငါး တစ်ထောင် အခမဲ့ပေးဝေခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ ပစိဖိတ်ဆာရီ ငါးဟင်းဟာ ဆောင်းဦးရာသီရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

အရင်က ပွဲကျင်းပသူတွေဟာ ပွဲတော်အတွက် ပစိတ်ဖိတ်ဆာရီငါး အကောင်း ၅၀၀၀ ပြင်ဆင်ခဲ့ကြပေမယ့်  ဒီနှစ်မှာတော့ ငါးဖမ်ဆီးမိမှု ကျဆင်းတဲ့အတွက် ငါးပုံတစ်ပုံအထိလျော့ချခဲ့ကြရပါတယ်။

ပစိဖိတ်ဆာရီငါးဟာ ဈေးချိုပြီး အရည်အသွေးကောင်းတဲ့အတွက် ဂျပန်မှာ အများပြည်သူစားသုံးတဲ့ အစားအစာအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ပင်လယ်ပတ်ဝန်းကျင်အပြောင်းအလဲတွေကြောင့် ဂျပန်နိုင်ငံရဲ့ ကမ်းခြေရေပြင်တွေဆီ ငါးတွေအဝင်လျော့နည်းလာခဲ့ပြီး ငါးဖမ်းဆီးရမိတွေ ဆက်လက်လျော့ကျလာခဲ့တာဖြစ်ပါတယ်။

ဟိုကိုင်းဒိုးငါးဖမ်းဆိပ်တစ်ခုမှာ ပစိဖိတ်ဆာရီငါးဖမ်းဆီးရမိဟာ မနှစ်ကထက် ၁၀ရာခိုင်နှုန်းပဲရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီနှစ် ဆောင်းဦးရာသီငါးဖမ်းရာသီမှာ မလုံလောက်မှုတွေရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ငါးဈေးတွေကြီးလာပြီး မနှစ်ကထက် နှစ်ဆပေး ဝယ်နေကြတယ်လို့ အချို့ပစိဖိတ်ဆာရီငါးစားသောက်ဆိုင်တွေကပြောပါတယ်။

ဂျပန်နိုင်ငံမှာ ဆာရီငါးဖမ်းဆီးရမိဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင် စံချိန်တင်ကျဆင်းခဲ့ရပါတယ်လို့ ငါးလုပ်ငန်းဌာနမှ သိရှိရပါတယ်။မြောက်ပစိဖိတ်မှာ ဒီနှစ်ဖမ်းဆီးရမိတာဟာ အများဆုံးဖမ်းနိုင်ခဲ့တာရဲ့ သုံးပုံတစ်ပုံပဲရှိတာမို့ ငါးဖမ်းဆီရရှိမှုတွေ ဆက်ပြီးနည်းနေဦးမှာဖြစ်ပါတယ်။

Source CCTV+

 

 

#Pacific_Saury_Festival

#Japan_Saury_Fishing