Published 11 Oct 2022

ဂျပန်နိုင်ငံမှာ စတားလင့်ခ် Starlink အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်နေပြီလို့  အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့ စပေ့ရှ်အိတ်စ် SpaceXကုမ္ပဏီကကြေညာပါတယ်။

စတားလင့်ခ်ဟာ ဂျပန်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသတွေနှင့် အင်တာနက် မရတစ်ချက် ရတစ်ချက်ဖြစ်နေပြီး ဆက်သွယ်ရခက်ခဲတဲ့ ကျွန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

စပေ့ရှ်အိတ်စ်က ယင်းရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာတာဖြစ်ပါတယ်။ တရားဝင်ဝက်ဆိုက်မှာပါတဲ့ အချက်အလက်တွေအရ စပေ့ရှ်အိတ်စ်အင်တာနက်ရဲ့ လစဉ်ကြေးဟာ ၈၄ ဒေါ်လာ ( ၁၂၃၀၀ ယန်း)ဖြစ်ပါတယ်။ အဲဒီအပြင် ဟာ့ဒ်ဝဲကုန်ကျစရိတ်ကလည်း ယန်းငွေ ၇၃၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

စတားလင့်ခ်ဟာ  ဂြိုဟ်တုကနေတစ်ဆင့် မြန်နှုန်းမြင့်ပြီး စောင့်ဆိုင်းချိန်နည်းပါးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ကို ဆောင်ရွက်ပေးနေပါတယ်။ ရုရှားတိုက်ခိုက်ပြီးကတည်းက ယူကရိန်းမှာ စတားလင့်ခ်ရဲ့ ဂြိုဟ်တုအင်တာနက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။

ဥရောပနှင့် အမေရိကန်အပြင်  အာရှနှင့် အခြားဒေသတွေကိုပါ ဂြိုဟ်တုအင်တာနက်လုပ်ငန်းဝန်ဆောင်မှုပေးဖို့ စတင်းလင့်ခ်က စီစဉ်နေပါတယ်။

ဖိလစ်ပိုင်မှာ အစိုးရဟာ ယင်းရဲ့ အခမဲ့ ဝိုင်ဖိုင်အစီအစဉ်အတွက် စတားလင့်ခ်ကို စာရင်းသွင်းဖို့ စဉ်းစားနေပါတယ်။ စပေ့ရှ်အိတ်ခ်ဟာ ဒီဇင်ဘာနောက်ဆုံးထားပြီး  စီးပွားဖြစ်လုပ်ငန်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ကုမ္ပဏီရဲ့ အစိုးရဆက်ဆံရေး အကြီးတန်းအရာရှိ ရီဘက်ကာဟန်တာကပြောပါတယ်။

Source: Nikkei Asia

#Starlink internet

#Japan_Internet

#Elon_Musk