#World_Health
Published 7 October 2022

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံများမှာ ဗိုက်တာမင်၊ သတ္တုဓာတ်၊ အန်တီအောက်ဆီဒင့်၊ ဖိုင်တိုအဟာရဓာတ်နဲ့ အမျှင်ဓာတ်များကြွယ်ဝကာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။

 

ဆီးချိုရောဂါ၊ အသည်းရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အစာခြေလမ်းကြောင်းပြဿနာများ၊ စိတ်ဓာတ်ကျခြင်းများအထိ နာတာရှည်အခြေအနေများ ဖြစ်နိုင်ချေကို လျော့ကျစေတဲ့ ကျန်းမာရေးညီညွတ်တဲ့ အပင်အခြေစိုက်အစာများ စားသုံးမှုနဲ့ဆက်စပ်နေကြောင်း ဟောင်ကောင်အဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် 'ဆိုင်းရပ်စ်လုခ်ရှူလွန်'က ပြောပြခဲ့ပါတယ်။

 

အပင်အခြေပြုအစားအစာများက ဆီးချိုရောဂါ၊ နှလုံးရောဂါလျော့ကျစေပြီး ကျန်းမာရေးကိုတိုးတက်စေကြောင်း လေ့လာချက် ၅ ခုမှာ ဖော်ပြထားပါတယ်။

 

ထောပတ်သီးက ကယ်လိုရီမြင့်မားပေမယ့် တစ်နေ့တစ်လုံးမျှ စားသုံးခြင်းက ကိုယ်အလေးချိန်မတက်စေဘဲ ကိုလက်စ်ထရောပမာဏ လျော့ကျစေပါတယ်။

 

ဝမ်းဗိုက်အဆီကိုလည်း မသက်ရောက်စေဘဲ အစားအစာအဟာရမျှတရေးအတွက် အကျိုးရှိစေကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ပန်နီခရစ္စအီသာတန်'က ဆိုပါတယ်။

 

ဗိုက်ဆာလို့ မုန့်အဆာပြေစားသူတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်စေပါတယ်။

 

စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ ပြဿနာများနဲ့ ပတ်သက်နေပါတယ်။

 

အသီးအနှံမကြာခဏစားတဲ့သူတွေကတော့ ထိုကဲ့သို့စိတ်ပိုင်းဆိုင်ရာပြဿနာများ မပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

 

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အန်တီအောက်ဆီဒင့်များ၊ အမျှင်ဓာတ်များ၊ အဟာရဓာတ်များကြွယ်ဝကာ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်စေပေမယ့် ဒီအဟာရဓာတ်တွေက ဟင်းချက်ပြုတ်လိုက်ရင် ဆုံးရှုံးသွားရပါတယ်။

 

ဒါကြောင့် အသီးတွေကို အစိမ်းလိုက်စားခြင်းက စိတ်ကျန်းမာရေးဆိုင်ရာကို ကောင်းစွာသက်ရောက်စေပါတယ်။

 

သင့်လျော်တဲ့ပမာဏကတော့ လိမ္မော်သီး ပန်းသီးတစ်လုံး၊ ဆီးသီး ကီဝီသီး အသေး ၂ လုံး၊ စပျစ်သီး လိုင်ချီး ဘယ်ရီသီး ခွက်တစ်ဝက်ခန့်ဖြစ်ပြီး ဖျော်ရည်နဲ့တော့ အစားမထိုးသင့်ပါဘူး။

 

ပဲအမျိုးမျိုးမှ ပရိုတိန်းက အားနည်းခြင်းကိုလျော့ကျစေနိုင်ပြီး ကြွက်သားဆုံးရှုံးခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 

အပင်ကရရှိတဲ့ပရိုတိန်းအများစုကို ပေါင်မုန့်၊ ကွေကာ၊ ခေါက်ဆွဲ၊ မြေပဲ၊ ပဲအမျိုးမျိုးတို့မှရရှိပြီး အသားပရိုတိန်းတွေကိုတော့ အသားကြီးငါးကြီး၊ ကြက်၊ ငါး၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများမှ ရရှိပါတယ်။

 

ဖရဲသီးမှာပါဝင်တဲ့ဆစ်ထရူလိုင်းနဲ့ အာဂျင်နင်းတို့က နှလုံးသွေးကြောနဲ့ ဇီဝဖြစ်စဉ်ကျန်းမာရေးတို့အတွက် အရေးကြီးပါတယ်။

 

အဆီဓာတ်လျှော့ချခြင်း၊ ဂလူးကို့စ်ထိန်းချုပ်ပေးခြင်း၊ သွေးကြောများလျှော့ချခြင်းတို့ကို ဖရဲသီးမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်များက ကူညီပေးပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group