#World_Health
Published 7 October 2022

 

ကင်ဆာဆဲလ်တွေကို ချေဖျက်ရန်အတွက် သောက်သုံးရတဲ့ဆေးတွေဟာ ခန္ဓာကိုယ်ထဲပျံ့နှံ့သွားပြီးတော့ ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တစ်ရှူးတွေကိုပါ ပျက်စီးစေကာ အူလမ်းကြောင်းတစ်ရှူးများ ထိခိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်စေပါတယ်။

 

ဒါကြောင့် အဲဒီအစား ဆေးတွေကို အလွန်သေးငယ်တဲ့ နာနိုမက်ထရစ်ပုံစံနဲ့ ထုတ်လုပ်နိုင်ပါပြီ။

 

ခန္ဓာကိုယ်ထဲက ကင်ဆာစင်တာများထံ ဆေးတိုက်ရိုက်ရောက်ရှိစေရန် နာနိုမက်ထရစ်ပုံစံနဲ့ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်မှုများနဲ့ လိုအပ်သည်များကို အစ္စရေးလ် ဟိုင်ဖာမှ တက်ခ်နီယန်တက္ကသိုလ်က ထုတ်လုပ်ခဲ့ကြပါတယ်။

 

သုတေသီများက လိုအပ်တဲ့ပစ္စည်းများဖြင့် ဖန်တီးခဲ့ကြပြီး အကြိုစမ်းသပ်မှုများအရ အကျိတ်အစိုင်အခဲများကို ထိရောက်စွာကုသနိုင်ခဲ့ပါတယ်။

 

ကင်ဆာကုသနည်းများဖြစ်တဲ့ ဓာတုကုထုံးများနဲ့ ကိုင်နေ့စ်အင်ဟစ်ဘစ်တာတို့ဟာ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးရန်ရည်ရွယ်ပေမယ့် အဓိကပြဿနာတစ်ရပ်က ဆေးပမာဏအနည်းငယ်ကသာ ကင်ဆာဆဲလ်တွေဆီ ရောက်ရှိပြီး ကျန်တဲ့ဆေးအစိတ်အပိုင်းတွေက သန်စွမ်းတဲ့တစ်ရှူးတွေဆီ ရောက်ရှိကုန်ကြတာဖြစ်ပါတယ်။

 

ဖိုင်ဇာနဲ့ မိုဒါနာကိုဗစ်ကာကွယ်ဆေးအပါအဝင် နာနိုဆေးထုတ်ကုန် ၄၀ ခန့်ကို အမေရိကန်ဆေးဝါးကွပ်ကဲရေးအဖွဲ့က အသိအမှတ်ပြုထားပေမယ့် ခန္ဓာကိုယ်ထဲရောက်ရှိစေဖို့ ဆေးတောင့်တွေထုတ်လုပ်ရာမှာ နည်းပညာအခက်အခဲရှိ နေပါတယ်။

 

တက်ခ်နီယန်သုတေသီတွေက ဒီနေရာမှာ တိုးတက်မှုရှိခဲ့ပြီး ကင်ဆာကုသဆေးပါဝင်တဲ့ နာနိုဆေးတောင့်များဖြစ်အောင် ဖန်တီးနိုင်ခဲ့ကြပါတယ်။

 

သုတေသီအဖွဲ့မှ တီထွင်ထားတဲ့ အလိုအလျောက်စနစ်က ဆေးဝါးမှထုတ်လွှတ်တဲ့ အလင်းစွမ်းအင်အရ ထိုဆေးအတွက် အကောင်းဆုံးနာနိုအမှုန်များကို ဘယ်လိုပြုလုပ်ရသလဲဆိုတာကို သိရှိနိုင်စေပါတယ်။

 

ဒီနည်းပညာက ဆေးဝါးရောက်ရှိရန်အတွက် နာနိုမက်ထရစ်ဆေးတောင့်များ ဖန်တီးရာမှာ အသုံးပြုတဲ့ရှိပြီးသားဆေးများထက် အားသာချက်များစွာပေးနိုင်ပြီး တည်ငြိမ်တဲ့ ပစ္စည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ပစ္စည်းအသစ်က ထိရောက်မှု၊ ဘေးကင်းမှု၊ အချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်မှုနဲ့ ရှိပြီးသားပစ္စည်းများအတွက် ရှုထောင့်အမျိုးမျိုးကနေ ပိုမိုကောင်းမွန်ကြောင်း သုတေသီများရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

 

ဒီပုံစံတွေက နာနိုဆေးတောင့်များကို အသုံးပြုပြီး ကုသရေးအတွက် အထူးသင့်လျော်ပါတယ်။

 

R595 လို့အမည်ပေးထားပြီး ပစ္စည်းအသစ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အော်ဂဲနစ်ပျော်ရည်များကို အသုံးပြုရန် သန့်ရှင်းတဲ့ဓာတုတုံ့ပြန်မှုနဲ့ ဖန်တီးထားပါတယ်။

 

ဆေးရဲ့ထိရောက်မှုက ၉၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စမ်းသပ်မှုတွေမှာ ဆေးတောင့်က အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူကင်ဆာတို့မှာ အဖြစ်များတဲ့ ဗီဇပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အစိုင်အခဲအကျိတ်များကို ကုသရာမှာ ထိရောက်မှုရှိခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group