Published 16 Sept 2022

တရုတ်နိုင်ငံ တောင်ပိုင်း ဟူနန်ပြည်နယ် မြို့တော် ချန်ရှား မြို့လယ်က အထပ်မြင့် ရုံးကြီး သောကြာနေ့ မွန်းလွဲပိုင်းက မီးကြီးလောင်ကျွမ်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သတင်းပေးပို့ပါတယ်။

အဲဒီအဆောက်အအုံဟာ အထပ်ပေါင်း ၄၂ထပ်ရှိပြီး  ၆၅၆ ပေကျော်မြင့်မားတဲ့ တရုတ်တယ်လီကွမ်းအဆောက်အအုံကြီးဖြစ်ပါတယ်။  အထပ်ဒါဇင်ကျော်ဟာ မီးလောင်ကျွမ်းခံရပါတယ်။

ကနဦးစစ်ဆေးချက်များအရ အဆောက်အအုံရဲ့ ပြင်ပနံရံတွေမှာ မီးစတင်လောင်ကျွမ်းတာလို့ ဟူနန်မီးသတ်ဌာနက ပြောပါတယ်။ လက်ရှိမှာ ပြင်ပကမီးကိုငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိလို့သိရပါတယ်။

Source: Reuters

#China_ Hunan_ Changsha

#Changsha_Fire

#China_Telecom_building