Published 13 Sept 2022

ရာဖလီတိုက်ဂျက်လေယာဉ်အပါအဝင်  ပြင်သစ်စစ်လေယာဉ်အချို့ဟာ တနင်္လာနေ့က အင်ဒိုနီးရှားရဲ့ လေပိုင်နက်ထဲမှာ သရုပ်ပြပျံသန်းပြပါတယ်။ ဒီလေယာဉ်တွေကို အင်ဒိုနီးရှားက ဝယ်ယူထာတာဖြစ်ပြီး ရောက်ရှိမယ့်ရက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

ရာဖလီတိုက်လေယာဉ်သုံးစင်ဟာ ဂျာဗားနှင့် ဆုမတ်တြာ ကျွန်းတွေအကြား ဆန်ဒါရေလက်ကြား အပေါ်ကနေ ဝေဟင်ပေါ်မှာ သိုလှောင်ကန် သယ်ယူပို့ဆောင်ရေးလေယာဉ်ထံမှ လေယာဉ်ဆီတွေကို ဖြည့်တာကိုလက်တွေ့ပြသခဲ့ပါတယ်။

ပြင်သစ်လေယာဉ်တွေဟာ မြောက်ပိုင်းဩစတြေလျမှာ ၂၀၂၂ ခုနှစ် ပစ်ချ်ဘလက် နိုင်ငံစုံလေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပြီး အင်ဒိုနီးရှားမှာ ခရီးတစ်ထောက်နားခဲ့တာပါ။

အင်ဒိုနီးရှားဟာ ပြင်သစ်နှင့် စာချုပ်တစ်ုချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်ထဲမှာ အာရှပစိဖိတ်မှာ ပြင်သစ်နှင့် စစ်ရေးဆက်ဆံရေး အင်အားကောင်းအောင် နှင့် ရာဖလီစစ်လေယာဉ် ၄၂စင်းကို ဝယ်ယူမှုလည်းပါဝင်ပါတယ်။ အဲဒီအပြင် အင်ဒိုနီးရှားဟာ A-400 သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းကိုလည်း မှာထားပါတယ်။

“ ဒီကိုလာတာဟာ အင်ဒိုပစိဖိတ်အတွက် ပြင်သစ်ရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုအဖြစ်ပါ။ ကျွန်တော်တို့က Airbus A330) MRTTs တွေသုံးပြမယ်။ ရာဖလီတွေသုံးပြမယ်။ A-400 သုံးပြမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့လေတပ်ဟာ ကမ္ဘာအထိ ရောက်ရှိနေတာပဲဖြစ်တယ်” လို့ ပြင်သစ်လေတပ်က လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် စတီဖင်းဂရိုအင်ကပြောပါတယ်။

“ဒီလို အဆင့်မြင့်ကိရိယာတွေပြသတာဟာ တည်ငြိမ်တဲ့ ကမ္ဘာကြီးတစ်ခုအတွက် အတူတကွလုပ်ဆောင်ဖို့ ဘုံဆန္ဒတစ်ခုဆိုတာ ရှင်းနေပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာရေကြောင်းသွာလာရေးအခြေခံတဲ့ အင်ဒိုပစိဖိတ် မြော်မြင်မှုတစ်ခုကို အင်ဒိုနီးရှားနှင့်ပြင်သစ်တို့ အတူတကွမျှဝေကြတာဖြစ်တယ် “ လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် အိုလီဗှယာချမ်ဘတ်က ပြောပါတယ်။

“အင်ဒိုနီးရှားရဲ့ကာကွယ်ရေးကို တောင့်တင်းခိုင်မာအောင် ရာဖလီဂျက် (၆)စင်းနှင့် A-400 နှစ်စင်းတို့ကို ပြင်သစ်က ဝယ်ယူဖို့ ကျွန်တော်တို့ မကြာသေးခင်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပါတယ်”လို့ အင်ဒိုနီးရှား ဒုတိယကာကွယ်ရေးဝန်ကြီး မူဟာမက် ဟာရင်ဒရာ ကပြောပါတယ်။

“ ဥရောပမှာဖြစ်နေတဲ့ ယူကရိန်းနှင့်ရုရှား ပဋိပက္ခဟာ ကျွန်တော်တို့လုံခြုံရေးကိုခြိမ်းခြောက်မှုတည်ရှိနေတယ်ဆိုပြီး ကျွန်တော်တို့ကို သတိပေးခေါင်းလောင်းထိုးလိုက်တာပဲ။ အဲဒါကြောင့် အင်ဒိုနီးရှားလုံခြုံရေးကိုပိုမိုအားကောင်းအောင် ကျွန်တော်တို့ အခြားနည်းလမ်းတွေ အမြဲရှာကြံနေတာဖြစ်တယ်” လို့ သူကဆက်ပြောလိုက်ပါတယ်။

Source AFP

#Rafale_fighter_jets

#Indonesia_France_Airforce_ties

#Indonesia_Defense