Published 10 Sept 2022

China Media Group (CMG)ရဲ့ ဆောင်းဦးရာသီအလယ်ပွဲတော် ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၀ရက် စနေနေ့ညက ထုတ်လွှင့်ပြသခဲ့ပါတယ်။

မိသားစုတွေ ပြန်လည်တွေ့ဆုံပေါင်းစည်းကြခြင်း၊မေတ္တာတရားနှင့် လွမ်းဆွတ်တသခြင်းတွေကို‌ သရုပ်ဖော်ထားတဲ့ အဲဒီထုတ်လွှင့်ပြသမှုကို ပရိဿတ်များစွာကြည့်ရှုခဲ့ကြပါတယ်။

ပထမပိုင်းတင်ဆက်မှုမှာ “ ဆောင်းဦးရာသီအလယ်သို့ မြစ်ကမ်းနဖူးမှာ လမင်းထွက်ပေါ်လာခြင်း” ဆိုတဲ့ ဖော်ကျူးမှုနှင့် တင်ဆက်တာဖြစ်ပါတယ်။

ဆောင်းဦးရာသီအလယ်ပွဲတော်ကိုဖွဲ့ဆိုတဲ့ တရုတ်ရိုးရာကဗျာတွေနှင့်သီချင်းတွေ၊ နိုင်ငံနှင့်မိသားစုကိုချစ်မြတ်နိုးတာကို ထင်ဟပ်တဲ့ တရုတ်ရိုးရာဟန်နှင့် ပေါင်းစပ်ထားတဲ့ ခေတ်ပေါ်သီချင်းတွေ၊ ပြီးတော့ အိပ်မက်တကယ်ဖြစ်တည် ဆိုတဲ့ သီချင်းတွေပါဝင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဆောင်းဦးရာသီအလယ်ပွဲတော်ဟာ တရုတ်လပြက္ခဒိန်ရဲ့ ရှစ်လမြောက် ၁၅ ရက်နေ့မှာ ကျရောက်ပါတယ်။ ဒီပွဲတော်ဟာ မိသားစုတွေပြန်လည်ပေါင်းစည်းကြတဲ့သရုပ်သကန်ကို ဖော်ကျူးထားပါတယ်။ ဒီနှစ်ပွဲတော်ဟာ စက်တင်ဘာ ၁၀ရက် စနေနေ့မှာကျရောက်ခဲ့ပါတယ်။

Source CCTV+

#Mid-Autumn_Festival

#China_family_reunion_festival

#China