#World_Health
Published 11 September 2022

 

တုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးနှံခြင်းက လေဖြတ်ခြင်းအန္တရာယ်လျော့နည်းတာနဲ့ ဆက်စပ်နိုင်ဖွယ်ရှိနေကြောင်း တွေ့ရှိထားပါတယ်။

 

သုတေသီများက စပိန်ကျန်းမာရေးအချက်အလက်များကို ရယူကာ ၁၄ နှစ်တာကာလအတွင်း လေဖြတ်ခြင်းဝေဒနာပထမဆုံးခံစားခဲ့ရတဲ့ အသက် ၄၀ နဲ့အထက် လူကြီးတွေကို ရှာဖွေခဲ့ပါတယ်။

 

အဲဒီနောက်သူတို့ကို လေဖြတ်ခြင်းမဖြစ်ဖူးတဲ့ အသက်အရွယ်တူလိင်တူလူတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

လေမဖြတ်မီ ၁၄ ရက်အတွင်း တုပ်ကွေးကာကွယ်ဆေး ထိုးခဲ့သလားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။

 

တုပ်ကွေးကာကွယ်ဆေးထိုးထားသူတွေဟာ မထိုးထားသူတွေထက် ပြီးခဲ့တဲ့နှစ်အတွင်း ဆရာဝန်များနဲ့ ဆေးစစ်ဆေးခြင်း၊ ဆေးကုသခံယူရခြင်း ပိုပြုလုပ်ခဲ့ရပြီး အထူးသဖြင့် သက်ကြီးလူနာတွေမှာ သွေးကြောရောဂါများ၊ အခြားရောဂါလက္ခဏာများ ပိုဖြစ်ပွားခဲ့ပါတယ်။

 

ဒါပေမဲ့ တုပ်ကွေးကာကွယ်ဆေးထိုးထားသူတွေက လေဖြတ်ခြင်းအန္တရာယ် ပိုနည်းတာပါပဲ။

 

လေဖြတ်ခြင်းအန္တရာယ်များစေတဲ့ ကိုလက်စ်ထရော၊ သွေးပေါင်ချိန်တိုးခြင်း စတဲ့နာတာရှည်ရောဂါများနဲ့ အသက်အရွယ် အချက်အလက်များကိုပါ ထည့်တွက်မယ်ဆိုရင် တုပ်ကွေးကာကွယ်ဆေးထိုးထားသူတွေက မထိုးထားတဲ့သူတွေထက် လေဖြတ်ခြင်းအန္တရာယ် ၁၂ ရာခိုင်နှုန်းပိုနည်းပါတယ်။

 

သုတေသီတွေက အဆုတ်ရောင်ရောဂါကာကွယ်ဆေးဟာ လေဖြတ်အန္တရာယ်ပေါ် သက်ရောက်နေသလားဆိုတာကို လေ့လာရာမှာ သက်ရောက်မှုမရှိကြောင်း တွေ့ရပါတယ်။

 

လေဖြတ်ခြင်းအန္တရာယ်ရှိနေတဲ့သူတွေအနေနဲ့ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးရမယ့်အကြောင်းပြချက်ရလာကာ ဒီလိုမျိုးကာကွယ်ဆေးထိုးရုံနဲ့ လေဖြတ်အန္တရာယ်ကိုလျှော့ချနိုင်မှာဖြစ်တယ်လို့ မက်ဒရစ်မြို့ အယ်ကာလာတက္ကသိုလ်မှ ဒေါက်တာ'ဖရန်စစ္စကိုဒီအဘာဂျို'က ပြောပြခဲ့ပါတယ်။

 

ဒီလေ့လာချက်က စမ်းသပ်ဆဲဖြစ်ကာ သေချာပေါက်လျှော့ချနိုင်တယ်လို့ မဆိုလိုပေမယ့် ပတ်သက်နေတာတော့ ဖြစ်နိုင်ပါတယ်။

 

ထည့်မတွက်တဲ့အချက်တွေထဲမှာလည်း လေဖြတ်ခြင်းကို သက်ရောက်နေတဲ့ အကြောင်းအရာတွေ ရှိနေနိုင်ပါသေးတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group