#World_Health
Published 11 September 2022

 

ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေဟာ သူတို့စားသင့်တာတွေ မစားသင့်တာတွေ စတဲ့ သတ်မှတ်ချက်တွေအများကြီး ရှိနေပါတယ်။

 

ဒိန်ခဲ၊ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေ၊ အသားစိမ်းငါးစိမ်းတွေ အားလုံးပါဝင်ပါတယ်။
ဒါ့အပြင် ဒိန်ချဉ်၊ ရေခဲမုန့်၊ ကဖင်း၊ မာကျူရီမြင့်မားစွာပါဝင်တဲ့ ငါးတွေကိုလည်း ရှောင်ရှားကြသူတွေရှိပါတယ်။

 

ဒါပေမဲ့ ယူကေ ဘရစ္စတိုလ်တက္ကသိုလ်ရဲ့ သုတေသနမှာတော့ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေအတွက် ငါးစားသုံးခြင်းက အကျိုးကျေးဇူးရရှိစေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

၂၀၂၂ စက်တင်ဘာတုန်းက ယူကေမှ အမျိုးသားကျန်းမာရေးအဖွဲ့အစည်း(NHS)နဲ့ အမေရိကန် FDA တို့က မာကျူရီမြင့်မားစွာပါဝင်တဲ့ ငါးကြီးတွေနဲ့ တူနာငါးတွေကို ရှောင်ရှားခိုင်းထားပြီး ငါးအရွယ်အစားပိုကြီးတာနဲ့အမျှ မာကျူရီပိုမြင့်မားလေဖြစ်ပါတယ်။

 

လေ့လာချက်တစ်ခုအရ ကမ်းရိုးတန်းတောက်လျှောက်ရှိနေပြီး ငါးကအဓိကအစားအစာဖြစ်တဲ့ အရှေ့အာဖရိကလိုနေရာတွေမှာ ကိုယ်ဝန်ဆောင်တွေက ကိုယ်ဝန်ဆောင်ကာလအတွင်း ငါးမရှောင်ခဲ့ပေမယ့် မွေးလာတဲ့ကလေးတွေမှာ ဘာဘေးအန္တရာယ်မှ မဖြစ်ခဲ့ပါဘူး။

 

ကိုယ်ဝန်ဆောင်ကာလအတွင်း မာကျူရီမြင့်မားခြင်းက မွေးလာတဲ့ကလေးအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း ဒေါက်တာ'ကယ်ရိုလင်းတိုင်လာ'က ဆိုပါတယ်။

ငါးမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်၊ အိုင်အိုဒင်း၊ ဗိုက်တာမင်-ဒီ၊ ဆယ်လီနီယမ်တို့က အကျိုးပြုသွားတာဖြစ်ပါလိမ့်မယ်။

 

ဘေးထွက်ဆိုးကျိုးမဖြစ်တဲ့အပြင် မွေးလာချိန်မှာ ကလေးကိုယ်အလေးချိန်ပြည့်ဝပြီး နောက်ပိုင်းမှာလည်း အကျိုးအကြောင်းဆက်စပ် တွေးခေါ်ဆင်ခြင်နိုင်စွမ်းမြင့်မားကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ငါးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို အစိုးရအနေနဲ့ ပြန်လည်သုံးသပ်သင့်ကြောင်း ဖော်ပြထားကြပါတယ်။

 

အချို့သောငါးအမျိုးအစားတွေကို စားသုံးခြင်းကိုတော့ သတိထားဖို့လိုအပ်ကြောင်း အကြံပြုထားပါသေးတယ်။

 

ကိုယ်ဝန်ဆောင်တွေအတွက် တစ်ပတ်ကို ငါး ၂ ကြိမ်ခန့်စားသုံးသင့်ပြီး အချို့ငါးတွေကိုတော့ မစားသုံးသင့်ဘူးလို့ လမ်းညွှန်ထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group