Published 9 Sept 2022

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ဗြိတိသျှတွေကို တော်လှန်ခဲ့တဲ့ အိန္ဒိယရဲ့ လွတ်လပ်ရေးသူရဲကောင်း  ဆူဘတ်စ် ချန်ဒရာဘို့ရဲ့ ရုပ်တုဖွင့်ပွဲကို ကြာသပတေးနေ့က တက်ရောက်ခဲ့ပါတယ်။ ဆူဘရာချန်ဒရာဘို့စ်ဟာ မဟတ္တမ ဂန္ဒီနှင့် ခေတ်ပြိုင်ထင်ရှားသူနှင့် ဩဇာကြီးမားသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

သူ့ကို နီတာဂျီ ဒါမှမဟုတ် ခေါင်းဆောင်ကြီးလို့လည်း ခေါ်ကြာပါတယ်။ သူ့ရဲ့ရုပ်တုကို နယူးဒေလီမြို့တော်ရဲ့ စစ်အထိမ်းအမှတ်အိန္ဒိယဂိတ်အနီးမှာ ထုလုပ်စိုက်ထူလိုက်တာဖြစ်ပါတယ်။ အဲဒီနေရာမှာ ယခင်က ဗြိတိန်ဘုရင် ဂျော့ -၅ George V ရဲ့ ရုပ်တုရှိခဲ့ပြီး အဲဒီရုပ်တုကိုဖြိုချခဲ့ပြီးနောက်  နီတာဂျီးရုပ်တုကို အစားထိုးစိုက်ထူလိုက်တာပါ။

ယခုနှစ်မှာကျရောက်တဲ့ အိန္ဒိယရဲ့ ၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အုပ်ချုပ်ရေးမြို့တော်မှာ ကာလရှည်ကြာကတည်းက စရိတ်မြင့်မားတဲ့ မွမ်းမံပြင်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဘို့စ်ရဲ့ ရုပ်တုဟာ အဲဒီပြုပြင်မွမ်းမံမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

“ ဒီကနေ့ ကျွန်တော်တို့ အတိတ်ကို နောက်ဘက်မှာထားရစ်ခဲ့ကြပြီ” လို့ ရုပ်တုဖွင့်ပွဲမှာ မိုဒီက ပြောပါတယ်။

“ နိုင်ငံမှာ ယနေ့ နီတာဂျီရဲ့ ရုပ်တုကို စိုက်ထူလိုက်ပြီဖြစ်တယ်။ ဒီရုပ်တုဟာ ခေတ်မီပြီးလွတ်လပ်တဲ့ ယုံကြည်မှုရှိတဲ့ အိန္ဒိယကို ဖွံ့ဖြိုးတိုးတက်မှုတွေပေးစွမ်းခဲ့တယ်” လို့ သူကပြောပါတယ်။

မိုဒီရဲ့အာဏာရပါတီဖြစ်တဲ့ ဘီဂျေပီ ပါတီဟာ သန်မာတဲ့ ဟိန္ဒူမျိုးချစ်ဝါဒကို ထောက်ခံအားပေးထားပါတယ်။  ဒီဝါဒဟာ ပြင်ပဩဇာလွှမ်းမိုးမှုနှင့်ကြီးစိုးမှုကိုဆန့်ကျင်တဲ့ သမိုင်းဆိုင်ရာပုဂ္ဂိုလ်ကြီးတွေပေါ်ပေါက်ခဲ့စေပါတယ်။

ဘီဂျေပီဟာ ဘို့စ် ကို ကိုလိုနီဆန့်ကျင်ရေးသူရဲကောင်းအဖြစ် အမွှမ်းတင်ထားပြီး အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီနှင့် နှီးနွယ်နေတဲ့ ဂန္ဒီနှင့် ဝန်ကြီးချုပ်ဟောင်းနေရူးတို့ကို မှိန်ထားခဲ့ပါတယ်။

မိုဒီဟာ ဒေလီရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Red Fort မှာ ၂၀၁၉ခုနှစ်က ဘို့စ်ရဲ့ပြတိုက်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ ဒီနှစ်ဆန်းမှာ သူ့ကို လွတ်လပ်ရေးရဲ့ကြီးမြတ်တဲ့ သူရဲကောင်းကြီး” လို့ မိုဒီက ဂုဏ်ပြုခေါ်ဆိုခဲ့ပါတယ်။

ဘိုစ့်ရဲ့ ဖက်ဆစ်နိုင်ငံတွေနှင့်ချစ်ကြည်မှုကြောင့် သူ့ပုံရိပ်ပျက်ခဲ့ပေမယ့် သူ့ကို အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုနေကြတုန်းပဲဖြစ်ပါတယ်။ အချိန်မတိုင်ခင် သူသေဆုံးခဲ့ရတာကလည်း ကြံစည်မှုတစ်ခု အဖြစ် ထင်မြင်နေကြပါတယ်။ ၁၉၄၅ခုနှစ်မှာ သူဟာ ထိုင်ဝမ်မှာရှိနေတုန်း ဂျပန်တစ်ဦးရဲ့ ဗုံးခွဲမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယပြည်သူတော်တော်များများက သူဟာ တကယ်မသေခဲ့ဘူး။ ဗြိတိသျှအာဏာပိုင်တွေက သူ့ကို ရာဇဝတ်သားအဖြစ် ဖမ်းဝရမ်းထုတ်ထားခံရတဲ့အတွက် မြေအောက်လှုပ်ရှားမှုထဲသွားလို့ရအောင် ဇာတ်လမ်းဆင်ခဲ့တာလို့ အများက ယုံကြည်နေကြဆဲပါ။

ဆယ်စုနှစ်များစွာလွန်မြောက်ခဲ့ပေမယ့် တော်တော်များများက ဘို့စ်ဟာ အသက်ရှင်နေတုန်းပဲဆိုပြီး များစွာသော သီအီုရီတွေထုတ်ပြနေကြပါတယ်။ အဲဒီအထဲမှာ ဆိုဗီယက် ဂူလက်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာကအစ  အိန္ဒိယကို တိုးတိုတိတ်တိတ်ပြန်လာပြီး မထင်မရှားနေထိုင်နေတယ်အဆုံး ပါဝင်ကြပါတယ်။

Source: AFP

#Subhas_Chandra_Bose

#Narendra_Modi

#India_Independence_Heroes