#Health_Tips
Published 28 August 2022

 

ကိုယ်အလေးချိန်လျှော့ခြင်းနဲ့ပတ်သက်ပြီး အရေးအကြီးဆုံးသတ်မှတ်ချက်က ခန္ဓာကိုယ်ကလောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီထက် လျော့နည်းစွာ စားသုံးဖို့ပါပဲ။

 

အချို့အစားအစာတွေက အများကြီးစားသုံးရင်တောင် ကယ်လိုရီအနည်းငယ်သာရရှိပြီး ကိုယ်အလေးချိန်ကျစေပါတယ်။

 

အချို့အစားအစာတွေကတော့ အချိန်ကြာရှည်စွာ ဗိုက်ပြည့်နေပြီး သိပ်မစားဖြစ်တော့ပါဘူး။

 

ပရိုတိန်းများပြားစွာစားသုံးခြင်းကလည်း အစာစားချင်စိတ်ကို လျော့နည်းစေနိုင်ပြီး ကြွက်သားထုထည်များလာပြီးတော့ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။

 

ကယ်လိုရီလျော့နည်းစွာပါဝင်ပြီး စားသုံးသင့်တဲ့အစာတွေကတော့...

 

(၁) ငါး

 

ငါးက ပရိုတိန်းကြွယ်ဝပြီး အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် ပြည့်ဝဆီအလွန်နည်းပါးပြီး အိုင်အိုဒင်းလည်းပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

 

ကျန်းမာရေးအဖွဲ့အစည်းများက တစ်ပတ်ကို ငါးနှစ်ကြိမ်ခန့် စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

 

(၂) အသီးအနှံအမျိုးမျိုး

 

အဟာရနဲ့ ဗိုက်တာမင်ဓာတ်ရရှိတဲ့နေရာမှာ အမျိုးမျိုးသောသစ်သီးဝလံတွေကြား ကွာခြားချက်သိပ်မရှိပါဘူး။

 

ပန်းသီးစားသုံးထားရင် အချိန်အတော်ကြာ ဗိုက်ပြည့်နေပြီး အစာချေရာမှာ အကူအညီပေးတဲ့ အမျှင်ဓာတ်တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။

 

လိမ္မော်သီးက ဗိုက်တာမင်-စီ ပေါကြွယ်ဝဆုံး အစားအစာဖြစ်ပြီး ရှောက်သီး၊ သံပရာသီးအမျိုးတွေက ကိုလက်စ်ထရောနဲ့ သွေးတွင်းသကြားဓာတ်တို့ကို ထိန်းညှိပေးနိုင်ပါတယ်။

 

(၃) ကြက်ဥ

 

ကြက်ဥက ပရိုတိန်းကြွယ်ဝပြီး တစ်နေ့တစ်လုံးတော့ စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

 

မနက်စာစားတိုင်း ကြက်ဥထည့်သွင်းစားသောက်ရင် တစ်နေကုန် အဟာရပြည့်ဝနေစေမှာဖြစ်ပါတယ်။

 

(၄) ဒိန်ခဲ

 

ဒိန်ခဲပျော့က နို့ထွက်ပစ္စည်းဆိုပေမယ့် ကိုယ်အလေးချိန်မတက်စေပါဘူး။

 

ဒိန်ခဲကို ကြက်ဥဖြင့်တွဲဖက်စားသုံးခြင်းကလည်း ဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။

 

(၅) ပဲအမျိုးမျိုး

 

ပဲတွေက အဟာရဓာတ်အလွန်ပြည့်ဝပြီး အသားဓာတ်အစားထိုး စားသုံးနိုင်ပါတယ်။

 

အစာချေစနစ်ကို နှေးစေတဲ့အတွက် ဗိုက်ပြည့်နေစေပြီး သကြားဓာတ်အလွန်အမင်းကျဆင်းခြင်းနဲ့ တက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 

(၆) ဘယ်ရီသီးများ

 

စတော်ဘယ်ရီနဲ့ ဘယ်ရီသီးတို့မှာ သဘာဝဒြပ်ပေါင်းများစွာပါဝင်ပြီး ကိုယ်အလေးချိန်လျှော့ဖို့ အထိရောက်ဆုံးအစားအစာဖြစ်ပါတယ်။

 

အသီးတွေကို အနီရောင်ဖြစ်စေတဲ့ အန်သိုဆိုင်ယာနင်ဓာတ်က ကိုယ်အလေးချိန်ကို ထိရောက်စွာလျှော့ချပေးနိုင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group