#World_Health
Published 28 August 2022

 

နာကျင်ကိုက်ခဲမှုသက်သာစေတဲ့ ပါရာစီတမောဆေးတွေကို အိမ်တိုင်းလိုလိုမှာ မြင်တွေ့ရနိုင်ပါတယ်။

 

ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို လိုအပ်တာထက် ပိုပြီးသောက်မိရင်တော့ အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

 

ဘယ်လောက်ပဲ နာကျင်ကိုက်ခဲသည်ဖြစ်စေ သောက်ရန်ညွှန်းထားတဲ့ ပမာဏထက် ပိုပြီးမသောက်မိစေဖို့ NHS က သတိပေးထားပါတယ်။

 

ခေါင်းကိုက်ခဲခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ကိုယ်ပူခြင်းစတဲ့ ဝေဒနာတွေအတွက် ပါရာစီတမောက အကောင်းဆုံးဆေးဖြစ်ပါတယ်။

 

သူက ခန္ဓာကိုယ်ထဲက နာကျင်မှုကိုခံစားရစေတဲ့ အာရုံကြောများကို ပိတ်ဆို့လိုက်တာဖြစ်ပြီး ဒီဆေးတွေကို ဘယ်လိုသုံးစွဲရမလဲဆိုတာကို NHS က လမ်းညွှန်ထားပါတယ်။

 

လူကြီးတစ်ယောက်အနေနဲ့ ၂၄ နာရီအတွင်း ပါရာစီတမော ၅၀၀ မီလီဂရမ်ပါဝင်တဲ့ ဆေးပြား ၈ ပြားအများဆုံးသုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါဟာ တစ်ကြိမ်သောက်ရင် ဆေး ၂ လုံးနဲ့ ၂၄ နာရီအတွင်း ၄ ကြိမ်သောက်တဲ့ နှုန်းထားဖြစ်ပါတယ်။

 

ဆေးတစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အနည်းဆုံး ၄ နာရီခြား သောက်သုံးသင့်ပါတယ်။

 

ပါရာစီတမောကို ရေရှည်သောက်သုံးလို့ ဘေးကင်းပေမယ့် ညွှန်းထားတဲ့ပမာဏထက်တော့ ပိုပြီးမသောက်သုံးသင့်ပါဘူး။

 

ပါရာစီတမောကို အလွန်အကျွံသောက်သုံးမိရင် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ပါတယ်။

 

အလွန်အမင်း နာကျင်ကိုက်ခဲလွန်းလိုဆိုပြီး ပုံမှန်ထက် နှစ်ဆလောက်ပိုသောက်တာမျိုး မပြုလုပ်သင့်ပါဘူး။

 

မတော်တဆ တစ်ပြားနှစ်ပြားလောက် ပိုသောက်မိပေမယ့် ၂၄ နာရီအတွင်း ၈ ပြားထက်မများဘူးဆိုရင်တော့ သိပ်ပြီးဘေးမဖြစ်စေပါဘူး။

 

လူနာမှတ်တမ်းများအရ ဆေးအလွန်အကျွံသောက်မိတဲ့အထဲမှာ ပါရာစီတမောက အများဆုံးဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

 

ပါရာစီတမောဆေးလွန်ရင် အသည်းထိခိုက်ပြီးတော့ အသက်အန္တရာယ်အထိပါ ဖြစ်စေနိုင်ပါတယ်။

 

ဆေးလွန်ပြီးနောက် နာရီအနည်းငယ်အကြာမှာ ဖျားနာချင်သလို ဖြစ်လာပါတယ်။

 

အသည်းမှာ အဆိပ်အတောက်ဖြစ်ပြီး ညာဘက်နံရိုးနားမှာ အောင့်လာပြီးနောက် အရေပြားနဲ့ မျက်လုံးတို့မှာ အဝါရောင်ပြောင်းလာကာ အသည်းရောင်အသားဝါလက္ခဏာ ဖြစ်လာတတ်ပါတယ်။

 

ညွှန်းထားတဲ့ပမာဏထက်ပိုပြီး သောက်မိရင် အရေးပေါ်ဌာနသို့ အလျင်အမြန် သွားရောက်ကုသသင့်ပါတယ်။

 

Source: The Sun
#Yangon_Media_Group