#Health_Tips
Published 27 August 2022

 

လူအတော်များများ စပျစ်သီးကြိုက်တတ်ကြပါတယ်။

 

နယူးအင်္ဂလန်အနောက်ပိုင်းတက္ကသိုလ်မှ သုတေသနအသစ်ပြုချက်အရ စပျစ်သီးစားသုံးခြင်းဖြင့် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပြီး လူ့ဘဝသက်တမ်း ၅ နှစ်လောက် ပိုရှည်စေကြောင်း သိရပါတယ်။

 

စပျစ်သီးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက အူလမ်းကြောင်းထဲရှိ ကောင်းကျိုးပြု ဘက်တီးရီးယားများကို တိုးများစေပြီး ကိုလက်စ်ထရောလျှော့ချပေးပါတယ်။

 

အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကိုလျှော့ချပေးကာ နှလုံးရောဂါ၊ ကင်ဆာရောဂါဖြစ်နိုင်ချေများကို ကာကွယ်ပေးပါတယ်။

 

လမ်းဘေးမုန့်ပဲသရေစာတွေမှာပါဝင်တဲ့ အဆီဓာတ်တွေနဲ့ အချိုဓာတ်တွေကို လျင်မြန်စွာချေဖျက်နိုင်ကြောင်း သုတေသီများ အခိုင်အမာဆိုထားပါတယ်။

 

အစားအစာအားလုံးက ခန္ဓာကိုယ်ထဲက အင်္ဂါတွေနဲ့ စနစ်တွေအပေါ် သက်ရောက်ပေမယ့်လို စပျစ်သီးရဲ့ကောင်းကျိုးသက်ရောက်မှုတွေကတော့ တကယ်ကိုအံ့အားသင့်စရာဖြစ်စေပါတယ်။

 

ကြွက်များဖြင့် စမ်းသပ်ကြရာမှာတော့ အချို့ကြွက်များကို အနောက်တိုင်းနိုင်ငံများမှာ အစားများတဲ့ အဆီအစိမ့်အစာများ ကျွေးခဲ့ပြီး အချို့ကြွက်တွေကိုတော့ စပျစ်သီးအမှုန့်များ နေ့စဉ်ကျွေးခဲ့ပါတယ်။

 

အဲဒီနောက် စပျစ်သီးအမှုန့်စားသုံးရတဲ့ကြွက်တွေက အသည်းအဆီဖုံးခြင်းမျိုး မဖြစ်ပေါ်ခဲ့ဘဲ အခြားကြွက်တွေထက် သက်တမ်းပိုမိုကြာရှည်စွာ နေထိုင်ခဲ့ရကြောင်း တွေ့ရှိရပါတယ်။

 

လူ့သက်တမ်းနဲ့တွက်ကြည့်ရင်တော့ ၄ နှစ်မှ ၅ နှစ်သက်တမ်းမျှရှိနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် စပျစ်သီးက အာရုံကြောမျှင်တွေရဲ့ လုပ်ဆောင်ချက်များကို တိုးတက်စေပြီး အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတိုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပြန်တယ်။

 

စမ်းသပ်ချက်များအရ အဆီများတဲ့အစားအစာတွေ စားသုံးသူတွေတောင် စပျစ်သီးစားသုံးပေးပါက ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ဖြစ်စဉ်များကို ကာကွယ်ပေးပြီး အသက်ရှည်စေမှာဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group