Published 23 Aug 2022

တရုတ်နိုင်ငံတွင် စံချိန်တင်အပူချိန်များမြင့်မားနေပြီး မိုးရွာသွန်းမှုလျော့နည်းနေခြင်းတို့ကြောင့်  တရုတ်နိုင်ငံရဲ့ အကြီးဆုံးရေချိုကန်ကြီးဖြစ်တဲ့ ပိုရန်ရေကန်ကြီးဟာ ရေတွေခန်းခြောက်လာနေပါတယ်။

အဲဒါကြောင့်  အချိန်မတိုင်ခင်မှာ အဲဒီရေကန်ကြီးရဲ့ သမိုင်းဝင် လျူရှင်းတွမ်ကျွန်းဟာ အပြည့်အဝပေါ်လာတာကို မြင်တွေ့ကြရပါတယ်။

ရေထဲ တစ်ပိုင်းတစ်စမြုပ်နေတဲ့ အဲဒီရှေးဟောင်းအဆောက်အဦတွေဟာ ခြောက်သွေ့ရာသီမှာ နှစ်စဉ်အပြည့်အဝပေါ်လာတာ မြင်ကြရပေယ့် ပုံမှန်အားဖြင့် အောက်တိုဘာအထိကို အပြည့်ပေါ်လာခြင်းမရှိခဲ့ပါဘူး။ဒီနှစ်မှာ ဩဂုတ်လမှာ စောပြီးပေါ်လာတာဖြစ်ပါတယ်။

Source: AFP

#China_drought

#Poyang_Lake

#Luoxingdun_Island