#Health_Science
Published 16 August 2022

 

တက်စ်တိုစတီရုန်းဟော်မုန်းဟာ ယောက်ျားတွေရဲ့ လိင်စိတ်ကို တွန်းအားပေးနှိုးဆွနိုင်တယ်လို့ သိထားကြပေမယ့် ယုယကြင်နာတဲ့စိတ်ကိုလည်း ဖြစ်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

သုတေသီများက ကြွက်မျိုးကွဲအထီးများကို တက်စ်တိုစတီရုန်းများထိုးပေးပြီး သူတို့ရဲ့လက်တွဲဖော်တွေနဲ့ တုံ့ပြန်နေထိုင်ပုံတွေကို လေ့လာခဲ့ကြပါတယ်။

 

ထိုကဲ့သို့ထိုးပေးခြင်းဖြင့် ထွေးပွေ့ယုယစိတ်၊ ရင်းနှီးဖော်ရွေစိတ်များဖြစ်ပေါ်လာပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

တက်စ်တိုစတီရုန်းက အောက်ဆီတိုစင်လိုခေါ်တဲ့ အချစ်ဟော်မုန်းကို တိုးများစေပါတယ်။

 

"တက်စ်တိုစတီရုန်းက ပုံမှန်အားဖြင့် လိင်ပိုင်းဆိုင်ရာ စိတ်နှိုးဆွခြင်းကို ဖြစ်ပေါ်စေတယ်လို့သာ သိထားခဲ့ပေမယ့် အခုတော့ ပေါင်းသင်းဆက်ဆံရေးမှာပါ အကျိုးသက်ရောက်မှုတွေရှိနေတာကို တွေ့ခဲ့ရပါတယ်" လို့ အတ္တလန်တာ အီမော်ရီတက္ကသိုလ်မှ စိတ်ကျန်းမာရေးတွဲဖက်ပရော်ဖက်ဆာ 'အော်ဘရေကယ်လီ'က ပြောပြခဲ့ပါတယ်။

 

ကြွက်ထီးတွေနဲ့စမ်းသပ်ရာမှာ မိတ်လိုက်တဲ့အချိန် စိတ်အားထက်သန်မှုရှိပြီး ကိုယ်နေထိုင်ရာနေရာကို ကာကွယ်ရာမှာ ရန်လိုစိတ်တွေရှိနေပါတယ်။

 

ဒါပေမဲ့ ကြွက်မတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ကြင်နာတတ်ပြီး သားပေါက်တွေကိုလည်း ကာကွယ်ပေးချင်တဲ့သဘော ရှိနေပါတယ်။

 

တက်စ်တိုစတီရုန်းထိုးပေးလိုက်ရင် ကြင်နာယုယစိတ်တွေ လျော့နည်းသွားမယ်လို့ ထင်ခဲ့ကြပေမယ့် ကြွက်ထီးလေးက သူ့ကြင်ဖက်အပေါ် ပိုပြီးယုယလာတာဟာ အံ့အားသင့်စရာဖြစ်ခဲ့ကြပါတယ်။

 

အဲဒီနောက် ကြွက်မကိုဖယ်ထုတ်လိုက်ပြီး ကြွက်ထီးတစ်ကောင်တည်း လှောင်အိမ်ထဲထားလိုက်ပါတယ်။

 

ထို့နောက် နောက်ထပ်ကြွက်ထီးတစ်ကောင်ကို လှောင်အိမ်ထဲထည့်ပေးလိုက်ပြီး ရန်လိုတဲ့သဘောတွေ့ရမလားလို့ စောင့်ကြည့်ခဲ့ကြပါတယ်။

 

ပုံမှန်အားဖြင့် ကြွက်ထီးတစ်ကောင်က သူ့နေရာကို တခြားကြွက်ထီးတစ်ကောင်ရောက်လာရင် လိုက်တိုက်ခိုက်တတ်သလို လုံးဝရှောင်ရှားတာမျိုး ပြုလုပ်တတ်ပါတယ်။

 

ဒါပေမဲ့ တက်စ်တိုစတီရုန်းထိုးပေးထားတဲ့ ကြွက်ထီးကတော့ နောက်ထပ်ဝင်လာတဲ့ကြွက်ထီးကို ရင်းနှီးတဲ့ပုံစံမျိုး ပြသနေပါတယ်။
ဒါပေမဲ့ ထိုကြွက်ကိုပဲ နောက်ထပ်တက်စ်တိုစတီရုန်းတွေ ထိုးပေးလိုက်ရာမှာတော့ ရန်လိုတဲ့သဘောဖြစ်လာခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

 

လူသားတွေနဲ့စမ်းသပ်ဖို့က ကြွက်တွေထက် ပိုမိုရှုပ်ထွေးပေမယ့် အဆိုပါ လေ့လာချက်ကနေ အခြေခံသဘောတရားတွေ ရလာနိုင်ပါတယ်။

 

ဟော်မုန်းအပြင် ဦးနှောက်အစိတ်အပိုင်းအချို့ကပါ တူညီနေတာတွေ ရှိနေပါတယ်။

 

၂၀၂၁ လေ့လာချက်တစ်ခုအရ တက်စ်တိုစတီရုန်းပမာဏများ ပြားခြင်းက အမျိုးသားတွေမှာ တွန့်တိုတတ်တဲ့သဘောရှိပြီး တကိုယ်ကောင်းဆန်တဲ့အပြုအမူတွေ တွေ့ရကြောင်း သိရှိထားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group