Published- 8 Sept 2021
ကိုဗစ် ပျောက်ကင်းသွားတဲ့ အစ္စရေးထောင်ပေါင်းမျာစွာအပါအဝင် လူသန်းပေါင်းများစွာဟာ သူတို့အနေနှင့် ကိုဗစ်ကနေ သက်သာလာတာ လပေါင်းများစွာရှိခဲ့သည်တိုင် သူတို့ဟာ အနံ့နှင့်ပတ်သက်ပြီး ထင်ယေင်ထင်မှား အနံ့တွေရနေတတ်တယ်လို့ ဂျေရုစလင် ဟီဘရူးတက္ကသိုလ်က ထုတ်ဝေတဲ့ သုတေသနစာတမ်းအသစ်အရ သိရပါတယ်။
 
အဲဒီသုတေသနကို Global Consortium for Chemosensory Research ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအခါမှာ ရောဂါဖြစ်နေဆဲကာလအတွင်းမှာ လူတွေအားလုံးရဲ့ ၁၀ရာခိုင်နှုန်းလောက်ဟာ အနံ့ပျောက်သွားကြပြီး အဲဒီသူတွေဆီမှာ တကယ့်အနံ့နှင့်မတူတဲ့အနံ၊မနှစ်မြို့စရာကောင်းတဲ့ အနံ့တွေရနေတာမျိုး၊ တကယ်အပြင်မှာမရှိတဲ့ အနံ့တွေရနေတာမျိုးဖြစ်နေတာကို တွေ့ရပါတယ်။
 
ါပေမယ့် ရောဂါသက်သာလာကြတဲ့အခါ အဲသလို ဖြစ်သူတွေ ပိုတိုးပွားလာပါတယ်။ ပါရော့စမီးယားလို့ခေါ်တဲ့ ခြားနားတဲ့အနံ့နှင့် မနှစ်မြို့စရာအနံ့ရသူတွေက ၄၇ ရာခိုင်နှုန်းရှိပြီး ပန်တိုစမီးယားလို့ခေါ်တဲ့တကယ်မရှိတဲ့ အနံ့မျိုးတွေရနေတတ်သူတွေက ၂၅ ရာခိုင်နှုန်းအထိ ရှိလာတာကို တွေ့ရှိရပါတယ်။
 
ပါရော့စမီးယားဖြစ်နေတဲ့လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိလာတာက “ အရင်တုန်းက အနံ့နှင့်အခုအနံ့မတူတော့တာ၊မသတီစရာ ကောင်းတဲ့အနံ့ရတာ ဒါမှမဟုတ် ဓာတုဗေဒပစ္စည်းအနံ့ရတာမျိုး ဖြစ်ပါတယ်။ ပန်တိုစမီးယားတွေကတော့ ် အနားက တစ်ဦးတစ်ယောက်မျှ အနံ့မရဘဲ ကိုယ်တစ်ယောက်တည်း မီးအနံ့ရနေတာမျိုး ဖြစ်ပါတယ်။
“ဒါမျိုးဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျွန်မတို့မသိရသေးပါဘူး” လို့ ဟီဘရူးတက္ကသိုလ်က ပါမောက္ခ မာရှာနစ်ဗ်က ပြောပါတယ်။
 
ဒီတွေ့ရှိချက်ကို ပြီးခဲ့တဲ့လက မက်ဒ်ရစ်ဇ် စာစောင်မှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ပညာရှင်အချင်းချင်းပြန်လည်သုံးသပ် တာမျိုးတော့မလုပ်ကြရသေးပါဘူး။
 
အစ္စရေးမှာ ရောဂါသက်သာသူ တစ်သန်းရှိရင် အဲဒီထဲကတစ်ဝက်ဟာ အနံ့ပျောက်ခဲ့ကြတယ်။ အဲဒီထဲက ထောင်ပေါင်းများစွာ ဟာ ဆက်ပြီး အနံ့အာရုံခံမှု အားနည်းတာ ဒါမှမဟုတ် စောစောက လက္ခဏာတွေပြတာမျိုးဆက်ဖြစ်နေကြတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆိုရင်တော့ လူ(၇)သန်းလောက်ရှိနိုင်တယ်လို့ သူမက ခန့်မှန်းထားပါတယ်။
 
“အနံ့ခံအာရုံမှာ အနှောက်အယှက်ရှိရင် စားချင်စိတ်၊စိတ်အခြေအနေနှင့် ဘဝရဲ့တန်ဖိုး မှာ ထိခိုက်မှုရှိစေတယ်” လို့ သူမက ဂျေရုစလင်ပို့စ်ကို ပြောပါတယ်။
ရေရှည်ဖြစ်နေမယ်ဆိုရင် ခေါင်းကိုင်တာ ပင်ပန်းနွမ်းနယ်တာတွေ နှီးနွယ်ပြီးဖြစ်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။
Source: JPost