Published 7 August 2022

အမျိုးသမီးတစ်ဦးဟာ မောင်းနှင်နေတဲ့ အက်စ်ယူဗွီကားတစ်စီးရဲ့ ပြတင်းပေါက်အပြင်ထွက်ပြီး ဝမ်းဗိုက်လှုပ်အက ကရင်း လိုက်ပါလာရာကနေ မတော်တဆ ပြတင်းပေါက်က ထွက်ကျခဲ့ပေမယ့် ထူးဆန်းတဲ့ကံကြမ္မာကြောင့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။

ပထမဆုံး အဲဒီအမည်မသိ အမျိုးသမီးဟာ မစ်ဆူဘီရှီ ပါဂျရိုးကားပြတင်းပေါက်ပေါ်ကို ထိုင်ချလိုက်တာတွေ့ရပါတယ်။

အဲဒီနောက် သူမဟာ ကိုယ်ကိုအပြင်ထုတ်ပြီး ဗိုက်လှုပ်အက ကပြီးလိုက်ပါလာတာပါ။

အဲဒီနောက် ဟန်ချက်လွတ်ပြီး ကားပြတင်ကနေ လမ်းပေါ်ကို ခေါင်းနှင့် ကျသွားပါတယ်။

သူမရဲ့ခေါင်းနှင့်လမ်းရိုက်မိပေမယ့် ကြီးကြီးကျယ်ကျယ်ထိခိုက်သွားပုံမပေါ်ပါဘူး။

သူမဟာ ကပျာကယာပြန်ထလိုက်ပြီး ပါဂျရိုးဆီအပြေးသွားပါတော့ယ်။ ကားမောင်းသူကလည်း သူမကိုကားရပ်ပေးလိုက်ပါတယ်။

ရုရှားနိုင်ငံတောင်ပိုင်းက မူစလင်တွေအများစုနေတဲ့ ဒါဂက်စတန်ပြည်နယ်ရဲ့ မြို့တော် မာခါချက်ကလာမှာ ဖြစ်ခဲ့တာပါ။

ယဉ်မောင်းဟာ အသက် ၂၄နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရှာရက်ကာဗာနော့ဗ်ဖြစ်ပြီး  နောက်နောင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာပါမယ့်အကြောင်း အာဏာပိုင်တွေက သူ့ကို ဝန်ချတောင်းပန်ခိုင်းခဲ့ပါတယ်။

Source: DailyMail

Video ကြည့်ရန်...

https://t.me/yangonmediagroup/10653