Published 7 August 2022

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အမြောက်တပ်ဖွဲ့တစ်ခုသည် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဝင် စွမ်းရည်များကို အကဲဖြတ်ရန် မကြာသေးမီက ခဲယမ်း အစစ် များဖြင့် ပစ်ခတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းတစ်ခုက ပြုလုပ်ခဲ့တဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ   အမြောက်တပ်တစ်ခုက  ပစ်ခတ်မှု အမြောက်အမြား ဆောင်ရွက်ခဲ့ပြီး ဒုံးကျည်တွေဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တရုတ် အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းအနီး ရေပြင်နှင့်ဝေဟင်တွေမှာ တနင်္ဂနွေနေ့က တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

Source CCTV+

#China_artillery_drill

#China_missiles_exercise

#China_Taiwan