Published 7 August 2022

ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးဟာ တွစ်တာပေါ်မှာ သူတင်ထားတဲ့ ကြယ်နီကြီးဆိုတဲ့ ပုံဟာ တကယ်တမ်းတော့ ကြယ်နီကြီးပုံမဟုတ်ဘဲ စပိန်ဝက်အူချောင်းအစပ်တစ်မျိုးကို လျှပ်တစ်ပြက်ရိုက်ကူးထားတဲ့ပုံသာဖြစ်ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

“ နေနှင့်အနီးဆုံးက ကြယ်တစ်ပွင့်ဖြစ်တဲ့ ပရောက်ဆီမာ စင်တာယူရီ Proxima Centauri ပုံဖြစ်ပါတယ်။ ကျွန်တော်တို့နှင့် အလင်းနှစ်ပေါင်း ၄.၂ အကွာမှာရှိပါတယ်။ ဒီပုံကို ဂျိမ်းစ်ဝက် အာကာသ အဝေးကြည့်မှန်ပြောင်းကြီးကနေ ရိုက်ကူးထားတာပါ။ ကမ္ဘာသစ်တစ်ခုဟာနေ့တိုင်း ထွက်ပေါ်နေပါတယ်” လို့ ရူပဗေဒပညာရှင် အက်တျနနီကလိန်းက တွစ်တာမှာ ပုံတင်ပြီး သူ့ဖော်လိုဝါတွေကို ပုံနှင့်အတူ ပြောထားခဲ့တာဖြစ်ပါတယ်။

တကယ်တမ်းတော့ အဲဒီပုံမှာ ဘာကြယ်နီပုံမှမဟုတ်ဘဲ ကျပ်တင်ထားတဲ့ ဝက်အူချောင်းတစ်မျိုးဖြစ်တဲ့ စပိန်က ချိုရီဇို လို့ခေါ်တဲ့ စားစရာ အချပ်တစ်ခုဖြစ်နေပါတယ်။

ပထမပို့စ်တင်ပြီး တစ်နာရီတောင်မကြာပါဘူး.. အဲဒီပညာရှင်က ဒါဟာ နောက်ပြောင်လိုက်တာဆိုပြီး ပြန်ရှင်းခဲ့ပါတယ်။  သတိထားကြပါ။ ခေတ်ပြိုင်စကြဝဠာဗေဒမှာ စပိန် ချာကူတာရီ(ကော့တ်တေး) နှင့် ဆက်စပ်တဲ့ အရာလိုမျိုး ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ မတည်ရှိပါဘူး” လို့ သူက ဖြည့်စွက်ပြောထားပါတယ်။

သူ့ရဲ့ပို့စ်ဟာ လူသိများသွားပြီ အဲဒီအပေါ် အမျိုးမျိုးတုန့်ပြန်ကြပါတယ်။ အချို့က မယုံနိုင်ဘူးလို့ပြောကြပြီး အချို့ကတော့  ဒါဟာ နောက်တာပဲ ဆိုတာ ချက်ခြင်းရိပ်မိကြတယ်။ အချို့ကတော့ ပြင်သစ်နိုင်ငံရဲ့ သမားရိုးကျမဟုတ်သည့် စွမ်းအင်နှင့် အနူမြူစွမ်းအင်ကော်မရှင်ရဲ့ သုတေသနညွှန်မှူးတစ်ဦးဖြစ်တဲ့ သူ့အနေနှင့်  သူဒီလိုပြောတဲ့ အချိန်နှင့် သူ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစာလုပ်တာဆိုပြီး ဝေဖန်ကြပါတယ်။

“ အချို့သော မှတ်ချက်တွေအရ  ကျွန်တော်ရေးတဲ့ပို့စ်ထဲမှာ ပရောက်ဆီမာ စင်တာယူရီ လို့ရေးထားတာဟာ နောက်ပြောင်ထားတာပါ” လို့ သူက ဖြည့်စွက်ရေးထားပါတယ်။

Source: Insider

#Proxima_Centauri

#Etienne_Klein

#Slice_of_chorizo