Published 6 August 2022

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုတိုးတက်ရေးဌာနရဲ့ ဒုတိယအကြီးအကဲ ဟာ ဟိုတယ်အခန်းတစ်ခု အတွင်းမှာ သေဆုံးနေတာကိုတွေ့ကြရတယ်လို့ ထိုင်ဝမ်ရဲ့ တရားဝင် ဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။

စနေနေ့မနက်ပိုင်းက ထိုင်ဝမ်တောင်ပိုင်းက ဟိုတယ်တစ်ခုရဲ့ အခန်းတစ်ခန်းထဲမှာ ထိုင်ဝမ်စစ်တပ်ပိုင် အမျိုးသား ချွန်ရှန် သိပ္ပံနှင့်နည်းပညာအင်စတီကျူရဲ့ ဒုတိယအကြီးအကဲဖြစ်သူ အောင်းရန်လီရှင်းဟာ သေဆုံးနေတာတွေ့ကြရတယ်လို့ စီအင်အေရဲ့ သတင်းကို ကိုးကားပြီး ရိုက်တာက ရေးသားပါတယ်။ အာဏာပိုင်တွေဟာ သေဆုံးရတဲ့အကြောင်ရင်းကို စုံစမ်း ဖော်ထုတ်နေကြပါတယ်။

အောင်းရန်ဟာ အဲဒီတောင်ပိုင်းခရိုင်ပင်တန်းကို အလုပ်ကိစ္စနှင့်ရောက်ရှိနေတာဖြစ်တယ်လို့ စီအင်န်အေက ပြောပါတယ်။  သူဟာ ဒုံးကျည်မျိုးစုံထုတ်လုပ်ရေး စီမံကိန်းတွေကို ကြီးကြပ်ဖို့ ယခုနှစ်အစောပိုင်းမှာ ဒီရာထူးတာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်ပါတယ်လို့ စီအင်အေက သတင်းထုတ်ပြန်ပါတယ်။

ထိုင်ဝမ်စစ်တပ်က ဒုံးကျည်ထုတ်လုပ်မှုကို နှစ်ဆတိုးထုတ်ဖို့ ရည်မှန်းခဲ့ပြီး ယခုနှစ်မှာ ဒုံးကျည် အစင်း ၅၀၀ နီးပါး ထုတ်လုပ်ပြီး ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်မှုတိုးမြှင့်တာဟာ တရုတ်ရဲ့ စစ်ရေးအရခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတဲ့ အချိန်မှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Source: Reuters

#Ou-Yang_Li-hsing

#Taiwan_deputy_head_missile_dept_found_dead

#Taiwan_China