Published 5 August 22022

တရုတ်နိုင်ငံက သူမရဲ့ ဆိုးယုတ်ပြီး ရန်လိုတဲ့ လုပ်ဆောင်မှုတွေကို တုန့်ပြန်တဲ့အနေနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီနှင့် သူမရဲ့ မိသားစုအရင်းတွေကို ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ကြေညာပါတယ်။

“ တရုတ်နိုင်ငံရဲ့ လေးနက်တဲ့ စိုးရိမ်ပူပန်မှုနှင့် ပြင်းထန်စွာ ကန့်ကွက်နေတဲ့ကြားထဲက ပီလိုစီဟာ ထိုင်ဝမ်ကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်‌ရေးကို အကြီးအကျယ်ဝင်ရောက်ခြယ်လှယ်ခြင်း၊ တရုတ်ရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အဟန့်အတားဖြစ်စေခြင်းနှင့် ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းတွေပြုလုပ်ခဲ့ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။

Source: Reuters

#Nancy_Pelosi_Sanctioned

#China_Nancy_Pelosi

#China_US