Published 5 August 2022

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့တောင်ပိုင်း ချွန်ဘူရီပြည်နယ်က နိုက်ကလပ်တစ်ခုမှာ ယနေ့ ဩဂုတ် ၅ ရက် သောကြာနေ့ မနက်စောစော တစ်နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ယခုအချိန်ထိ လူပေါင်း ၄၀ခန့်အထိသေဆုံးပြီး အများအပြားဒဏ်ရာရကြတယ်လို့ ဆင်ဟွာနှင့်ရိုက်တာသတင်းများအရသိရပါတယ်။

ဆက်တာဟစ် ခရိုက်က Mountain B နိုက်ကလပ်မှာ မနက်၁နာရီကစတင် မီးလောင်တာကို ဖုန်းသတင်းအရသိရှိရတယ်လို့  ရဲမှူးကြီး ဝစ်တီပေါင် ဆွမ်ဂျိုင်က ပြောပါတယ်။ လောလောဆယ်သတင်းများအရ သေဆုံးသူတွေဟာ ထိုင်းနိုင်ငံသားတွေလို့  သိရပါတယ်။ ရိုက်တာက သေဆုံးသူ ၁၃ ဦးနှင့်ဒဏ်ရာရသူ ၃၅ ဦးလို့ သတင်းရေးသားပေမယ့် နောက်ဆုံးရ ဆင်ဟွာသတင်းမှာတော့ ထိုင်းဒေသခံမီဒီယာတွေကို ကိုးကားပြီး သေဆုံးသူ ၄၀ဦးအထိရှိလာပြီလို့ ဖော်ပြထားတာဖြစ်ပါတယ်။

Source: Reuters/Xinhua.. Video_Tiktok @asc.Thailand