Published 26 July 2022

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ ပြည်နယ်မှာ တနင်္လာနေ့ စောစောပိုင်းမှာ ဆက်တိုက်သေနတ်ပစ်မှုတွေဖြစ်ပွားခဲ့ရာမှာ သေနတ်သမားဟုသံသယဖြစ်သူအပါအဝင် (၃) ဦးသေဆုံးသွားပါတယ်။

ဗန်ကူဗားမြို့ဆင်ခြေဖုံးရှိ လန်ဂလေးမြို့မှာ တနင်္လာနေ့ ညသန်းခေါင်ခန့်မှာ အမျိုးသားသေနတ်သမားတစ်ဦးတည်းလို့ ယုံကြည်ရတဲ့သူတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် (၄)ဦး သေနတ်ထိမှန်ခဲ့ပါတယ်။ အဲဒီအထဲမှာ လူ(၂)ဦးသေဆုံးခဲ့ရပြီး နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။  အမျိုးသမီးဟာ ဆေးရုံမှာ စိုးရိမ်ရတဲ့ အနေအထားရှိနေပါတယ်။

သေနတ်သမားကို တွေ့တဲ့အချိန်မှာ သူဟာ ဒဏ်ရာတွေနှင့်ဖြစ်ပြီး အရာရှိတွေကပစ်ခတ်လို့ အဲဒီသူ သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။

“ သေနတ်သမားဟာ တစ်ဦးတည်းကျူးလွန်တာလားဆိုတာကို ကျွန်တော်တို့ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ အခုစစ်ဆေးနေတာတွေအထိ အခြားသူတစ်ဦးဦးပါဝင်ပတ်သက်တဲ့ အနေအထားမတွေ့ရပါဘူး။ ပြီးတော့ အများပြည်သူ ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် နောက်ထပ်ခြိမ်းခြောက်မှုလည်းမရှိပါဘူး” လို့ ဒေသဆိုင်ရာ ကနေဒါတော်ဝင် ရဲတပ်ဖွဲ့ ရဲမှူး ဂါလစ်ဘာယာနီကပြောပါတယ်။

သေနတ်ပစ်မှုတွေဟာ လန်ဂလေမြို့တစ်လျောက် အနည်းဆုံးနေရာငါးနေရာမှာဖြစ်ခဲ့တာပါ။ပြည်သူတွေကို ကာစီနိုတစ်ခုနှင့် ဘတ်စ်ကားမှတ်တိုင်တစ်ခုအပါအဝင် အချို့နေရာတွေ မသွားလာကြဖို့တော့ ရဲကပြောထားပါတယ်။

အသတ်ခံရသူတွေဟာ အိုးအိမ်မဲ့တွေလို့ပြောနေကြပေတယ့် ရဲအရာရှိ ဒေးဗစ်လီကတော့ သူတို့ဒါကို ဆက်လက်စုံစမ်းနေတုန်းလို့ ပြောပါတယ်။အသတ်ခံရသူတွေဟာ သေနတ်သမားနှင့် ဘယ်လို ဆက်ဆံမှုရှိသလဲဆိုတာကိုလည်း အရာရှိတွေက ကြိုးစားအဖြေထုတ်နေကြပါတယ်။

အသတ်ခံရသူတွေနှင့်သေနတ်သမားဘယ်သူဆိုတာ သိပေမယ့် ရဲတွေက သတင်းအချက်တွေ မထုတ်ပြန်သေးပါဘူး။

ဒါပေမယ့်သေနတ်သမားဟာ လူဖြူတစ်ဦးဖြစ်ပြီး ပျောက်ကျားတီရှပ်ဝတ်ထားပါတယ်။

ကနေဒါမှာ အဆိုးရွားဆုံးသေနတ်ပစ်မှုဖြစ်ခဲ့တာ ၂၀၂၀ခုနှစ်တုန်းကဖြစ်ပြီး အဲဒီတုန်းက သေနတ်သမားဟာ ရဲကားအတုကို မောင်းနှင်ပြီး လူ၁၃ ဦးကိုပစ်ခဲ့ကာ နောက်ထပ်လူ(၉)ဦးကိုလည်း နိုဗာစကော့ရှားမှာ မီးရှို့ပြီး သတ်ခဲ့တာဖြစ်ပါတယ်။

#Source: Reuters

#British_Columbia_shooting_killed_3 _people

#Canada_shooting

#Gun_violence_Canada