Published - 3 Sep 2021
၇၈ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ စက်တင်ဘာ ၁ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားနှင့်အတူ တစ်သက်တာ ထူးချွန် ရွှေခြင်္သေ့ဆုကို အီတလီရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ ရိုဘာတိုဘင်နစ်နီ ကိုချီးမြှင့်ခဲ့ပါတယ်။ သူဟာ ၁၉၉၇ခုနှစ်က အော်စကာဆုရခဲ့တဲ့ ဘဝဟာလှပတယ် Life is Beautiful ရုပ်ရှင်ကားနှင့် လူသိများသူ တစ်ဦးဖြစ်ပါတယ်။