Published: 23 July 2022

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မျောက်ကျောက်ရောဂါ monkeypox ကူးစက်မှု ကို ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် တစ်ခု အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။

ယခုသတ်မှတ်ချက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်နိုင်တဲ့ သတိပေးချက်တွေထဲမှာ အမြင့်ဆုံးအဆင့်သတ်မှတ်ချက် ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရေးပေါ်ကော်မတီရဲ့ ဒုတိယမြောက် အစည်းအဝေးအပြီးမှာ ယခုလို ကျန်းမာရေးအရေးပေါ် အဖြစ် သတ်မှတ်ချက်ထွက်ပေါ်လာတာပါ။

ယခုအချိန်ထိ နိုင်ငံပေါင်း ၇၅နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုပေါင်း တစ်သောင်း ခြောက်ထောင်ကျော်တွေ့ရှိရပြီး ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရောပ့စ် အက်ဒါနွမ် ဂီဘရီယက်ဆပ်ကပြောပါတယ်။

ကူးစက်မှုတွေကြောင့် သေဆုံးသူပေါင်း ငါးဦးလည်းရှိသွားပြီဖြစ်ပါတယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

လက်ရှိမှာ ယခုလို ကျန်းမာရေးအရေးပေါ် ကြေညာထားတာ နှစ်ခုရှိပါတယ်။ တစ်ခုက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် နောက်တစ်ခုက ပိုလီယိုရောဂါကင်းစင်ရေးကြိုးပမ်းအားထုတ်မှု ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အရေးပေါ်ကော်မတီထဲမှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်တစ်ခု အဖြစ်သတ်မှတ်ဖို့ အားလုံးတစ်ညီတစ်ညွတ်တည်း သဘောတူညီမှုမရရှိခဲ့ဘူးလို့ သူကပြောပါတယ်။

ဒါပေမယ့် ကူးစက်မှုဟာ ကမ္ဘာအနှံ့ လျင်မြန်စွာ ပျံ့နှံ့လာနေတဲ့အတွက်  ဒါဟာ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်မှုတစ်ခု စင်စစ်ဖြစ်တယ်လို့ သူဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ညွှန်ချုပ်ကပြောပါတယ်။

“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သုံးသပ်တွေ့ရှိချက်အရ မျောက်ကျောက်ရောဂါရဲ့ အန္တရာယ်မြင့်မားနေတဲ့ ဥရောပ ဒေသကလွဲလို့ ကျန်ဒေသတွေနှင့် တစ်ကမ္ဘာလုံးမှာ  အန္တရာယ်အသင့်အတင့်ပဲရှိပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။

#Source_BBC

#Monkeypox

#Monkeypox_global_health-emergency

There are only two other such health emergencies at present - the coronavirus pande