#Health_Tips
Published 24 July 2022

 

တစ်တော့မှနာမည်ကြီးဒေါက်တာ'ကာရန်ရာ့ဂျ်'က သူ့ရဲ့ဆရာဝန်ဘဝအစမှာ အိပ်မပျော်ခြင်းဝေဒနာခံစားခဲ့ရကာ စိတ်ရဲ့ဆန့်ကျင်ရာနည်းလမ်းကိုအသုံးပြုပြီး ကျော်လွှားနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

 

အိပ်ရာထဲလှဲနေတဲ့အချိန် ပူအိုက်မောပန်းနေပေမယ့် အိပ်မပျော်တာမျိုးကို ကြုံဖူးကြမှာပါ။

 

လူ ၉၅ ရာခိုင်နှုန်းလောက်က ဒီလိုအခြေအနေကို တစ်ချိန်ချိန်မှာ ကြုံတွေ့ခဲ့ကြရပြီး ၁၅ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုနဲ့ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့အထိ နာတာရှည်ဝေဒနာဖြစ်လာကြပါတယ်။

 

အသက်ဖြည်းဖြည်းမှန်မှန်ရှူခြင်း၊ ကြွက်သားတွေဖြေလျှော့ခြင်းစသဖြင့် နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးတော့ နောက်ကျမှ အိပ်တတ်တဲ့အကျင့်ကို ဖျောက်မရခဲ့ပါဘူး။

 

'ရာဂျ်'ရဲ့နည်းလမ်းက လုပ်ငန်းစဉ်တစ်ခုလိုမဟုတ်ပါဘူး။

 

"ကျွန်တော် ဆရာဝန်ဘဝအစတုန်းက အိပ်မပျော်တဲ့ဝေဒနာခံစားခဲ့ရပါတယ်၊ မရလောက်ဘူးလို့ ထင်တဲ့နည်းလမ်းကို ကြိုးစားကြည့်တယ်၊ ဒါကတော့ ငါမအိပ်ဘူးလို့ ကိုယ့်ကိုယ်ကိုစိတ်ပိုင်းဖြတ်ပြီး နိုးနေအောင်ကြိုးစားရတာပါ၊ စာဖတ်တာတွေ၊ ဖုန်းကြည့်တာတွေ၊ တီဗီကြည့်တာတွေမလုပ်ရပါဘူး၊ ဒီအတိုင်းပဲ အိပ်ရာထဲမှာမျက်လုံးဖွင့်ပြီးနေရမှာပါ၊ ငါမအိပ်ဘူးလို့ စိတ်ကိုတင်းခံထားပါ၊ အဲဒီလိုမျိုးဆိုရင် စိတ်ကပင်ပန်းလာပြီး အိပ်ပျော်သွားပါလိမ့်မယ်၊ ကျွန်တော်တော့အဲဒီလိုနဲ့ အိပ်ပျော်သွားပါတယ်" လို့ 'ရာ့ဂျ်'က ပြောပြထားပါတယ်။

 

"ဝိရောဓိစိတ်လိုမျိုးပေါ့၊ ဥပမာသင့်ကို ပိုလာဝက်ဝံအကြောင်း မစဉ်းစားနဲ့လိုပြောထားရင် သင်ဘာလုပ်မယ်ထင်သလဲ၊ အဲဒီလိုနည်းလမ်းပါပဲ"
စိတ်ရဲ့ဆန့်ကျင်ရာအတိုင်း ပြုလုပ်တဲ့သဘောဖြစ်ကြောင်း၊ ညဘက်ဆိုရင် ညဉ့်နက်တဲ့အထိ တီဗီမကြည့်ကြောင်း အကြံပြုထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group