Published 21 July 2022

ထိန်သိမ်းမွေးမြူထားတဲ့ ပန်ဒါဝက်ဝံထီးကြီးတွေထဲမှာ ကမ္ဘာ့အသက်အကြီးဆုံး အသက် ၃၅နှစ်သား ပန်ဒါအထီးကြီးဟာ ကျန်းမာရေးဆိုးရွား လာပြီးနောက် ဇူလိုင် ၂၁ရက် ကြာသပတေးနေ့က   ဟောင်ကောင် theme park မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

အန်အန်းလို့ခေါ်တဲ့ အဲဒီပန်ဒါထီးဟာ ၁၉၉၉ခုနှစ်မှာ တရုတ်နိုင်ငံက ဟောင်ကောင်ကို ပန်ဒါအမကလေးတစ်ကောင်နှင့်အတူ လက်ဆောင်ပေးလို့ရောက်ခဲ့တာပါ။ အန်အန်ဟာ အိုရှင်းပတ်ခ် Ocean Park ထဲမှာပဲ သူ့ဘဝကို အချိန်အများဆုံးနေထိုင်ခဲ့တာဖြစ်ပါတယ်။

အိုရှင်းပတ်ခ်က အန်အန်သေဆုံးသွားတဲ့အတွက်  မိသားစုဝင်တစ်ဦးအဖြစ် လွမ်းဆွတ်ကြေကွဲခဲ့ကြပါတယ်။ သူဟာ ဥယျဉ်ကိုလာကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေနှင့် သံယောဇဉ်ချည်နှောင်ခဲ့တာပါ။

“ အန်အန်ဟာ သူ့ရဲ့ မေတ္တာသက်ဝင်စရာ လှုပ်ရှားမှုကလေးတွေအများကြီးကို အမှတ်တရထားခဲ့ပါပြီ။သူ့ရဲ့ ထက်မြက်မှု၊ အဆော့သန်မှုတွေကို တကယ့်ကိုလွမ်းနေကြရတော့မှာပါ” လို့ အိုရှင်းပတ်ခ်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ပေါ်လိုပေါင်က  သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အန်အန်ဟာ သူတို့လိုပန်ဒါတွေမှာ ဖြစ်လေ့ရှိတဲ့ သွေးတိုးရောဂါခံစားနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ သုံးပတ်မှာတော့ သူ့ကျန်းမာရေး အတော်ချို့ယွင်းလာလို့ သူ့ကို ဧည့်သည်တွေရှေ့ ထုတ်မပြခဲ့တော့ပါဘူး။ သူဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း အဖတ်တွေ လုံးဝမစားတော့ပဲ လှုပ်ရှားမှုကလည်း သိသိသာသာနည်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ အန်အန်ရဲ့ကျန်းမာရေးအခြေအနေကြောင့် သူမြန်မြန်ကျန်းမာလာပေါစေလို့ ဆုတောင်းစာတွေ  အိုရှင်းပတ်ခ်မှာ ရာနှင့်ချီရှိခဲ့ပါတယ်။

အိုရှင်းပတ်ခ်က တိရိစ္ဆာန်ဆရာဝန်တွေနှင့် အစိုးရအာဏာပိုင်တွေက တရုတ်ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနစင်တာထံမှ အကြံဉာဏ်ရယူပြီးနာက် အန်အန်ကို နောက်ထပ် ဝေဒနာမခံစားရအောင် ဘဝကို အဆုံးသတ်ပေး လိုက်ရပါတယ်လို့ အိုရှင်းပတ်ခ်က ပြောပါတယ်။

 #Source _AP

#An_An_World_Oldest_Male_Panda

#An_An_died

#Panda_An_An-died