Published 21 July 2022

သမ္မတ ဘိုင်ဒင် ကိုဗစ်-၁၉ကူးစက်ခံရကြောင်း ဇူလိုင်၂၁ ရက်ကြာသပတေးနေ့မှာ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

သူဟာ ကာကွယ်ဆေးအပြည့်ထိုးထားပြီး အားမြှင့်ကာကွယ်ဆေးက နှစ်ကြိမ်ထိုးထားပြီးသားပါ လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ကက်သရင်း ဂျိန်း ပီယားက ပြောပါတယ်။

“ သူဟာ ရောဂါလက္ခဏာ အပျော့စားပဲ ခံစားရပါတယ်” လို့ သူမကပြောပါတယ်။  သမ္မတ ဂျိုးဘိုင်ဒင်ဟာ Paxlovid ဆေးကို  စတင်သောက်နေပါတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ အဲဒီဆေးဟာ ကိုဗစ်ကူးစက်ခံရရင် အန္တရာယ်မြင့်မားစွာရှိနေနိုင်တဲ့သူတွေ အထူးသဖြင့် အသက်၅၀ကျော်တွေအတွက် ကုဆေးတစ်မျိုးဖြစ်ပါတယ်။

ဘိုင်ဒင်ကို အိမ်ဖြူတော်မှာ သီးသန့်ခွဲထားပြီး အဲဒီသီးသန့်ခွဲထားတဲ့ကာလအတွင်း သူ့တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ ဂျိန်းပီယားရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သူဟာ ဒီမကန်မှာ အိမ်ဖြူတော်ဝန်ထမ်းတွေကို ဖုန်းနှင့်ဆက်သွယ်ခဲ့တယ်။ဒီမနက်မှာပဲ အိမ်ဖြူတော်မှာ ကြိုတင်စီစဉ်ထားတဲ့ အစည်းအဝေးတစ်ခုကို ဖုန်းနှင့်သို့မဟုတ် အိမ်ကနေ Zoom နှင့်တက်ရောက်လိမ့်မယ်လို့ သူမက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ကို ကိုဗစ်နောက်ဆုံးစစ်ဆေးခဲ့တုန်းကတော့ နဂ္ဂတစ်အဖြေထွက်ခဲ့တာဖြစ်ပါတယ်?

အသက်၇၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတ ဘိုင်ဒင်ဟာ အသက်၅၀ကျော်တွေ ဖိုင်ဇာ အားမြှင့်ကာကွယ်ဆေး ထိုးနှံခွင့်ပြုလိုက်တဲ့ မတ်လမှာပဲ ဖိုင်ဇာကာကွယ်ဆေးကို စတုတ္ထအကြိမ်အဖြစ် ထိုးနှံခဲ့တာဖြစ်ပါတယ်။

Source:NPR