Published 14 July 2022

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဆင်ပေါက်ကလေးတစ်ကောင် ရေဆိုးမြောင်း မန်းဟိုးလ်ကြီးထဲ ပြုတ်ကျခဲ့ရာ ဆင်ကလေးရဲ့ မိခင်က တည်ငြိမ်စွာနှင့် သားကလေးကို ကယ်တင်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နက်ခွန်နာယောက်ပြည်နယ်က ရွိုင်ယယ်လ်ဟေးလ် ဂေါက်ကွင်းအပြင်ဘက်ရှိ ရေဆိုးမြောင်းပေါက်မန်းဟိုးလ်ကနေ  ဗုဒ္ဓဟူးနေ့က မနက်စောစောပိုင်းက တောရိုင်းတိရိစ္ဆာန်ဌာနအရာရှိတွေက ကယ်တင်ပေးခဲ့တာပါ။

ပူပင်သောကရောက်နေတဲ့ ဆင်မကြီးဟာ အနီးအနားတောအုပ်ထဲမှာ ခရီးသွားနေကြတဲ့ ဆင်အုပ်ထဲက ဖြစ်ပုံရပါတယ်။ ဆင်မကြီးဟာ ဆင်သားကလေးနှင့်အတူရှိနေပေမယ့် ဆင်ပေါက်ကလေးက တွင်းထဲက အပြင်ကို ပြန်မတက်နိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။

အစပိုင်းမှာ ဆင်မကြီးဟာ ယောက်ယက်ခတ်နေလို့ ကယ်တင်ဖို့ ခက်ခဲနေတဲ့အတွက် မိခင်ဆင်မကြီးကို စိတ်တည်ငြိမ်အောင် ကယ်ဆယ်သူတွေက လုပ်ခဲ့ကြရပါတယ်။

နောက်ဆုံးမှာတော့ ဆင်ပေါက်သားကလေးကိုဖြည်းဖြည်းချင်းကယ်ထုတ်ပေးနိုင်ခဲ့ပြီး  မိခင်ကြီးနှင့်အတူ  ပြန်လည်ဆုံစည်း နိုင်ခဲ့ပါတော့ယ်။ အဲဒီနောက် ဆင်သားအမိကို တောထဲပြန်ပို့ပေးခဲ့ကြပါတယ်။

#Source_AFP

#Baby_elephant_rescue

#Thailand_Elephants

#Baby_Elephant_rescued_from_manhole