Published-31 August 2021

အမေရိကန်စစ်တပ်က တနင်္လာနေ့မှာ သူတို့မထွက်ခွာခင် ကဘူးလ်လေဆိပ်မှာရှိတဲ့ သူတို့ရဲ့ လေယာဉ်ပျံတွေ၊ သံချပ်ကာ ကားတွေနှင့် အဆင့်မြင့် ဒုံးကျည်စနစ်တွေကို သုံးလို့မရအောင် လုပ်ပစ်ခဲ့တယ်လို့ အမေရိကန်ဗိုလ်ချူပ်ကြီးတစ်ဦးက ပြောပါတယ်။

အမေရိကန်အလယ်ပိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ကက်နက်မက်ကင်ဇီးက ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်မှာရှိတဲ့ သူတို့ရဲ့လေယာဉ် ၇၃ စီးကို အမေရိကန်တပ်ဖွဲ့တွေက စစ်မဲ့ဖြစ်အောင် သုံးမရအောင် လုပ်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ရဲ့နှစ်ပတ်ကြာ ကယ်ထုတ်ရေးအစီအစဉ် အဆုံးမသတ်ခင် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

“ ဒီလေယာဉ်ပျံတွေဟာ ဘယ်တော့မှ ပျံသန်းလို့မရတော့ဘူး။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မောင်းနှင်လို့မရတော့ဘူး” လို့ သူကပြောပါတယ်။

အဲဒီအပြင်  တစ်စီးကို ဒေါ်လာတစ်သန်းလောက်တန်တဲ့ MRAP သံချပ်ကာကား ၇၀စီးခန့်နှင့် ဟမ်းဘီးကား၂၇ စီးကိုလည်း သုံးလို့မရအောင်လုပ်ပစ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီကားတွေ ဘယ်သူက ထပ်သုံးလို့မရတော့ဘူး လို့ ဆက်ပြောပါတယ်။

အမေရိကန်တွေ ကျန်ရစ်ခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး C-RAM စနစ်ကိုလည်း နောက်ဆုံး အမေရိကန် လေယာဉ် မထွက်ခွာခင်ကလေးအထိ သုံးခဲ့ပြီးမှ အသုံးပြုလို့မရအောင် ပြုလုပ်ထားပစ်ခဲ့တယ်လို့ အေအက်ဖ်ပီကသတင်းပေးပို့ထားပါတယ်။