Published 30 June 2022
တျားဝိန်း- ဂြိဟ်ပတ်ယာဉ်နှင့်ကျူးရုံး အင်္ဂါဂြိုဟ်သွားယာဉ်ဟာ ဂြိုဟ်နီကြီးပေါ်မှာ စူးစမ်းလေ့လာရေးခရီးကို ဂြိုဟ်ကြီးတစ်ခုလုံးရဲ့ ရုပ်ပုံသတင်းအချက်အလက်တွေစုဆောင်းရရှိခြင်းနှင့်အတူ ပြီးဆုံးသွားပြီဖြစ်တယ်လို့ တရုတ် အမျိုးသား အာကာသအုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါအဖွဲ့ရဲ့အဆိုအရ တျားဝိန်း-၁ ဂြိုဟ်ပတ်ယာဉ်ဟာ ဗုဒ္ဓဟူးနေ့အထိ ရက်ပေါင်း ၇၀၆ ရက်တိတိ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ကျားဝိန်း-၁ ဟာ ဂြိုဟ်နီကြီးကို အပတ်ရေပေါင်း ၁၃၄၄ပတ် တိတိပတ်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ကြီးတစ်ခုလုံးရဲ့ ခြုံငုံစူးစမ်းမှုပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

တျားဝိန်းမှာတပ်ဆင်ထားတဲ့ အလယ်အလတ်အရည်အသွေးရှိတဲ့ကင်မရာတွေက ဖမ်းယူရရှိတဲ့ ပုံရိပ်တွေဟာ ဂြိုဟ်နီကြီးနှင့်ပတ်သက်ပြီး ပိုပြီးသိနားလည်စေဖို့ အခြေခံအချက်အလက်တွေပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

“သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုဟာ အင်္ဂါဂြိုဟ်နှင့်ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်းနှင့်တိတိကျကျ သိရှိဖို့ ရည်ရွယ်တာဖြစ်တယ်။ အင်္ဂါဂြိုဟ်တစ်လွှား ဂြိုဟ်ပတ်စူးစမ်းလေ့လာမှုကနေ ရရှိတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေဟာ ကျွန်တော်တို့ကို အဲဒီဂြိုဟ်နှင့်ပတ်သက်လို့ ပိုပြီးနားလည်စေနိုင်ပါလိမ့်မယ်” လို့ တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး မစ်ရှင် တျားဝိန်း-၁ရဲ့ ဒီဇိုင်နာချုပ်  ကျန်းရုံးချောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီ ၁၀ရက်က အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းထဲ ဝင်ရောက်ခဲ့ပြိးနောက် တျားဝိန်း-၁ဟာ ကျူးရုံးအင်္ဂါဂြိုဟ်သွားယာဉ်အတွက် ကြိုုတင်ရွေးချယ်ထားတဲ့ သက်ဆင်းမယ့်နေရာကို အသေးစိတ်လေ့လာတွက်ချက်မှုတွေ ပြီးစီးခဲ့ပါတယ်။ အဲဒီအပြင် အင်္ဂါဂြိုဟ်သွားယာဉ်ဆီက ဆက်သွယ်မှုတွေကို ထပ်ဆင့်ပေးပိုု့နိုင်ခဲ့ပါတယ်။ယာဉ်နှင့်အတူ တွက်ချက်ထားတဲ့ ဝန်ခုနှစ်ခုသယ်ဆောင်ကာ ဂြိုဟ်ကြီးကို အဝေးက စူးစမ်းလေ့လာမှုတွေလုပ်နိုင်ခဲ့ပါတယ်။

“ သိပ္ပံပညာရှင်တွေ စိတ်ဝင်စားမယ့် အင်္ဂါဂြိုဟ်ရဲ့ မြေပြင်ပုံသဏ္ဍန်တွေကို အရည်အသွေးမြင့် ရုပ်ပုံတွေကို ကျွန်တော်တို့ဟာ အရည်အသွေးမြင့်ကင်မရာတွေနှင့် မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ တစ်မီတာထက်ပိုနီးတာကို ရိုက်နိုင်တဲ့ ဒီကင်မရာတွေက ပုံထွက်အတော်ကောင်းပါတယ်” လို့ သူကဆက်ပြောပါတယ်။

ကျူရုံးဂြိုဟ်သွားယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ၁၉၂၁.၅ မီတာခရီးသွားခဲ့ပါတယ်။ ယာဉ်နှစ်စီးစလုံးဟာ ကြိုတင်သတ်မှတ်ထားတဲ့ ဂြိုဟ်နီကြီးအပေါ်သိပ္ပံနည်းကျ စုးစမ်လေ့လာရေးမစ်ရှင်ကို  အင်္ဂါဂြိုဟ်တစ်ခုလုံးခြုံငုံမိတဲ့ ရုပ်ပုံသတင်းအချက်အလက်တွေနှင့်အတူ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

တျာဝိန်း-၁ မစ်ရှင်ကြီးဟာ ၂၀၂၀ ဇွန်၂၃ရက်မှာစတင်ခဲ့ပြီး ဂြိုဟ်သွားယာဉ်ကျူရုံးက ၂၀၂၁ မေ ၂၂ရက်နေ့မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ယာဉ်ဆင်း ပလက်ဖောင်းပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။

Source CCTV+