#WorldHealth
Published 16 June 2022

 

အမျိုးသားနဲ့အမျိုးသမီးမှာ ဘယ်သူကပိုပြီးခေါင်းအေးအေးထားတတ်လဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများရှိနေခဲ့ရာ လေ့လာမှုတစ်ခုမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဦးနှောက်အပူချိန်ပိုများပြီး အများဆုံး ၄၀ ဒီဂရီဆဲလ်စီးယပ်စ်လောက်အထိရှိတတ်ကြောင်း ဖော်ပြထားပါတယ်။

 

ကိမ်းဘရစ်ချ်မှ MRC မော်လီကျူလာဇီဝဗေဒဓာတ်ခွဲခန်းကသုတေသီတွေဟာ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားများထက် ၀.၄ ဒီဂရီလောက် အပူချိန်ပိုများကြောင်းတွေ့ရှိခဲ့ကြပါတယ်။

 

ဒီလိုကွာခြားရတဲ့ အကြောင်းအရင်းက အမျိုးသမီးများရဲ့ဓမ္မတာစက်ဝန်းကြောင့် အများဆုံးဖြစ်နိုင်ချေရှိပါတယ်။

 

မမျိုးဥကြွေပြီးချိန်ကာလမှာ စမ်းသပ်တိုင်းတာခဲ့တဲ့ အမျိုးသမီးအများစုက မမျိုးဥမကြွေခင်တိုင်းတာခဲ့တဲ့အမျိုးသမီးများထက် ဦးနှောက်အပူချိန် ၀.၄ ဒီဂရီပိုများနေခဲ့တာဖြစ်ပါတယ်။

 

အီဒင်ဘာ့ဂ်မှ တော်ဝင်ဆေးခန်းမှာ အသက် ၂၀ မှ ၄၀ ကြားရှိ စမ်းသပ်ခံမယ့်သူ ၄၀ ဦးကို မနက်ခင်း၊ နေ့လယ်ခင်း၊ ညနေခင်းတို့မှာ တိုင်းတာခဲ့ကြပါတယ်။

 

အရင်အချိန်ကထက် အပူချိန်များလာခြင်းဖြင့် ၃၈.၅ ဒီဂရီများလာမယ်လို့ မျှော်မှန်းထားပြီး ပါးစပ်အပူချိန်ကတော့ ၃၇ ဒီဂရီအောက်ရှိနေတတ်ပါတယ်။

 

ဦးနှောက်က သာမန်အားဖြင့် ညဘက်မှာအေးမြပြီး နေ့ဘက်မှာပူနွေးနေတတ်ကာ ဦးနှောက်ကပိုမိုနက်ရှိင်းတဲ့ အတွင်းပိုင်းနေရာတွေက ၄၀ ဒီဂရီကျော်တတ်ပြီး အမြင့်ဆုံးဦးနှောက်အပူချိန်ကတော့ ၄၀.၉ ဒီဂရီရှိခဲ့ပါတယ်။

 

ဒီလိုမြင့်မားတဲ့အပူချိန်က ခန္ဓာကိုယ်မှာဖြစ်တယ်ဆိုရင်တော့ ကိုယ်ပူနေတယ်လိုဆိုနိုင်ပေမယ့် ဦးနှောက်အနေနဲ့ကတော့ ကျန်းမာတယ်လို့ဆိုရမှာဖြစ်ကြောင်း သုတေသီတွေကဆိုပါတယ်။

 

အသက် ၂၀ ကျော်လာတဲ့အချိန်မှာ အပူချိန်ပူများလာတတ်ပြီး ပိုမိုနက်ရှိင်းတဲ့ဦးနှောက်အတွင်းပိုင်းနေရာတွေမှာ ၀.၆ ဒီဂရီလောက်ပိုများလာကြပါတယ်။

 

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့အပူချိန်ကိုလျော့ကျစေတဲ့စွမ်းရည် ပျက်စီးလာတတ်ပါတယ်။

 

ကျန်းမာတဲ့ဦးနှောက်ရဲ့အပူချိန်က ခန္ဓာကိုယ်က ကိုယ်ပူတဲ့အပူချိန်လောက်အထိ များလာတတ်တာဟာ အံ့ဩဖွယ်ရာဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ဂျွန်အိုနေးလ်'က ပြောပြပါတယ်။

 

"အရင်တုန်းကတော့ ဦးနှောက်ဒဏ်ရာရသူတွေမှာ အပူချိန်မြင့်တာမျိုးတွေ့ရပါတယ်၊ ဒီလိုအပူချိန်အပြောင်းအလဲဖြစ်ခြင်းက ဦးနှောက်ရေရှည်ကျန်းမာရေးနဲ့သက်ဆိုင်နေပြီး နောက်ထပ်လေ့လာသွားနိုင်ဖိုမျှော်လင့်ပါတယ်" လို့ ပြောပြသွားပါတယ်။

 

Source: DailyMail
#Yangon_Media_Group